Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကျင်းပမယ့် လေတပ်အကြီးအကဲညီလာခံ အာဆီယံနိုင်ငံအချို့မတက်

စစ်ကောင်စီလေတပ်ဦးစီးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင် ကျင်းပမယ့် အဲဒီညီလာခံကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ မလေးရှားနိုင်ငံတွေက လေတပ်အကြီးအကဲတွေ တက်ရောက်မှာမဟုတ်ဘူးလို့ AFP သတင်းကဆိုပါတယ်။

စစ်ကောင်စီကျင်းပမယ့် လေတပ်အကြီးအကဲညီလာခံ အာဆီယံနိုင်ငံအချို့မတက်

လာမယ့်ရက်သတ္တပတ်အတွင်းနေပြည်တော်မှာ စစ်ကောင်စီက ဦးစီးကျင်းပမယ့် အာဆီယံ လေတပ်အကြီးအကဲ ညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့တက်ရောက်မှာမဟုတ်ဘူးလို့ AFP သတင်းဌာနဖော်ပြလိုက်ပါတယ်။

စစ်ကောင်စီလေတပ်ဦးစီးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင် ကျင်းပမယ့် အဲဒီညီလာခံကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ မလေးရှားနိုင်ငံတွေက လေတပ်အကြီးအကဲတွေ တက်ရောက်မှာမဟုတ်ဘူးလို့ AFP သတင်းကဆိုပါတယ်။

အင်ဒိုနီးရှားနဲ့ မလေးရှားတို့ရဲ့ လေတပ်ဦးစီးချုပ်တွေ ကိုယ်တိုင်တက်ရောက်မှာမဟုတ်သလို ကိုယ်စားလှယ်လည်းစေလွှတ်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဖိလစ်ပိုင်ကတော့ ဗီဒီယို မက်ဆေ့သာပေးပို့ဖို့ စီစဉ်ထားတာပါ။

Public Service Announcement

Public Service Announcement

စင်ကာပူ ၊ ဘရူနိုင်း ၊ ဗီယက်နမ် တို့က လေတပ်ဦးစီးချုပ်တွေ စစ်ကောင်စီ အစည်းအဝေး တက်၊မတက် မေးခွန်းကိုပြန်လည်အကြောင်းမပြန်သေးဘူးလို့သိရပါတယ်။

Public Service Announcement
Public Service Announcement

မြန်မာနဲ့အိမ်နီးချင်း ထိုင်းနိုင်ငံ ရဲ့ လေတပ်အကြီးအကဲကတော့ နေပြည်တော်ကိုလူကိုယ်တိုင် သွားတက်ဖို့ရှိနေပါတယ်။ကမ္ဘောဒီးယား လေတပ်ဦးစီးချုပ်ဟာ အစည်းအဝေး တက် ၊မတက် ဖြေဆိုဖို့ငြင်းဆန်ထားပါတယ်။

အခုနှစ်ရဲ့ အာဆီယံ လေတပ်အကြီးအကဲ ညီလာခံ ကို အလှည့်ကျဦးဆောင်သူအဖြစ် စစ်ကောင်စီက တာဝန်ယူထားတာပါ။

ဒါကြောင့် လာမယ့် စက်တင်ဘာလ ၁၂ ရက်ကနေ ၁၅ ရက်အထိ အာဆီယံ လေတပ်အကြီးအကဲ ညီလာခံကို နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

အဲဒီညီလာခံကို ဦးဆောင်ကျင်းပမယ့် စစ်ကောင်စီလေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးထွန်းအောင်ဟာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ဒဏ်ခတ်အရေးယူခံရသူ စာရင်းထဲမှာပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။