Connect with us

Hi, what are you looking for?

သတင်း

KNU လှုပ်ရှားရာနယ်မြေမှာ စစ်ကောင်စီတပ်စခန်း ၆၀ ကျော် လက်လွှတ်ဆုံးရှုံး

နိုင်ပကောင်း/People’ Spring

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/ KNLA) နဲ့မဟာမိတ်တွေရဲ့ စစ်ရေးထိုးစစ်ကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ တပ်စခန်း ၆၂ ခု ဆုံးရှုံးထားတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် က ဒီနေ့မှာ စာတမ်းထုတ်ပြန်ပါတယ်။

အာဏာဟန်ချက်အပြောင်းအလဲအမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ အာဏာသိမ်းချိန်ကစတင်ပြီး ၂၀၂၃ နှစ်လယ်ပိုင်းအထိ စစ်ကောင်စီဟာ KNU စစ်ရေးလှုပ်ရှားရာနယ်မြေတွေမှာစစ်စခန်း ၆၂ ခု ဆုံးရှုံးထားတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ စခန်းတွေဟာ သထုံခရိုင်မှာ ၁၇ ခု ၊ တောင်ငူမှာ ၆ ခု ၊ ညောင်လေးပင်မှာ ၁၃ ခု ၊ တနင်္သာရီမှာ ၁ ခု ၊ဖာပွန်မှာ ၂၁ ခု ၊ ကြာအင်းဆိပ်ကြီးမှာ ၅ ခုတို့ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်စခန်းလက်လွတ်ရမှုအများဆုံးဟာ ကရင်ပြည်နယ်အတွင်း ဖာပွန်ဒေသမှာဖြစ်တာကို

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် ရဲ့စာတမ်းအရသိရပါတယ်။

သံလွင်မြစ်ကမ်းတလျောက်က အဓိက စစ်စခန်းတွေကို စစ်ကောင်စီတပ်ဟာ ဆုံးရှုံးထားတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် ရဲ့တာဝန်ရှိသူ နော်ဝါးခူးရှီ က ပြောပါတယ်။

” သံလွင်မြစ်ကမ်းတလျှောက်မှာဆိုလို့ရှိရင် KNU က အပြည့်အဝကို ထိန်းချုပ်ထားတာကို တွေ့ရပါတယ်” လို့နော်ဝါးခူးရှီကဆိုပါတယ်။

KNU ရဲ့ ဗျုဟာအရ အောင်မြင်မှုကတော့ ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ နယ်နိမိတ်တွေကို ထိန်းချုပ်မှုပိုရလာတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် က ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကတင် ထိုင်းနယ်စပ်က ရေတလျှောက်စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားခဲ့ပါသေးတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ကူသုံးတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီအတွက် ဆုံးရှုံးလိုက်ရတဲ့နယ်မြေတွေကို ပြန်မရပေမယ့် KNU နယ်မြေမှာ စစ်ရှောင် အရေအတွက် ၆ သိန်းကျော် ရှိလာစေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်