Connect with us

Hi, what are you looking for?

သတင်း

အောင်ဂျာစခန်းသိမ်းတိုက်ပွဲပြီးနောက် KIA စစ်ဦးစီးချုပ်က PDF အပါအဝင် မဟာမိတ် ၅ဖွဲ့ထံ ဂုဏ်ပြုမှတ်တမ်း ပေးပို့

တိုက်ပွဲများ ရပ်သွားမည်မဟုတ်ဘဲ စစ်ရေးအရှိန်မြင့်လာရန်သာရှိကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(စစ်​ကောင်စီတပ်၏ ​အောင်ဂျာစခန်းကုန်းကို KIA နှင့် မဟာမိတ် ၅ ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်စဥ်၊ သိမ်းပိုက်ပြီး​နောက်မြင်ကွင်းနှင့် ဒုဗိုလ်ချုပ်ကြီး ဂွန်​မော်သွား​ရောက်ကြည့်ရှုစဥ်။ဓါတ်ပုံ-CJ ၊ ဗိုလ်ချုပ်ဂွန်​မော်)

▪︎စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတူလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန်တိုက်တွန်း

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်ထံမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်များထံသို့ ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းတင်စာ လက်ခံရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၀ရက်တွင် ကချင်ပြည်နယ် နမ့်ဆန်ယန် အနီးရှိ အောင်ဂျာဒေသ စစ်ကောင်စီ အထိုင်စခန်းကို KIAနှင့် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းက အောက်တိုဘာ ၂၂ရက် နေ့စွဲဖြင့် ဂုဏ်ပြု မှတ်တမ်း ပေးပို့ခြင်းဖြစ်သည်။ အဆိုပါ ဂုဏ်ပြုမှတ်တမ်းစာ လက်ခံရရှိကြောင်း PDFက ယနေ့ အသိပေး ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်၏ ​အောင်ဂျာစခန်းကုန်းကို KIA နှင့် မဟာမိတ် ၅ ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်စဥ်၊ သိမ်းပိုက်ပြီး​နောက်မြင်ကွင်းနှင့် ဒုဗိုလ်ချုပ်ကြီး ဂွန်​မော်သွား​ရောက်ကြည့်ရှုစဥ်။ဓါတ်ပုံ-CJ ၊ ဗိုလ်ချုပ်ဂွန်​မော်)
(စစ်​ကောင်စီတပ်၏ ​အောင်ဂျာစခန်းကုန်းကို KIA နှင့် မဟာမိတ် ၅ ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်စဥ်၊ သိမ်းပိုက်ပြီး​နောက်မြင်ကွင်းနှင့် ဒုဗိုလ်ချုပ်ကြီး ဂွန်​မော်သွား​ရောက်ကြည့်ရှုစဥ်။ဓါတ်ပုံ-CJ ၊ ဗိုလ်ချုပ်ဂွန်​မော်)

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်မှ ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA-Burma) တို့ ထံသို့ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းတင်စာကို ရရှိသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဂုဏ်ပြုမှတ်တမ်းစာတွင် ကေအိုင်အေ တပ်မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ K-PDF များနှင့် အတူတကွလက်တွဲ၍ မိမိအသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြသော မဟာမိတ် တပ်ဖွဲ့ဝင်များအသီးသီးနှင့် တာဝန်ရှိတပ်မှူးများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် အသိ အမှတ်ပြုပါကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲတွင် အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန်လည်း တိုက်တွန်းကြောင်း ပါရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်၏ ​အောင်ဂျာစခန်းကုန်းကို KIA နှင့် မဟာမိတ် ၅ ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်စဥ်၊ သိမ်းပိုက်ပြီး​နောက်မြင်ကွင်းနှင့် ဒုဗိုလ်ချုပ်ကြီး ဂွန်​မော်သွား​ရောက်ကြည့်ရှုစဥ်။ဓါတ်ပုံ-CJ ၊ ဗိုလ်ချုပ်ဂွန်​မော်)
(စစ်​ကောင်စီတပ်၏ ​အောင်ဂျာစခန်းကုန်းကို KIA နှင့် မဟာမိတ် ၅ ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်စဥ်၊ သိမ်းပိုက်ပြီး​နောက်မြင်ကွင်းနှင့် ဒုဗိုလ်ချုပ်ကြီး ဂွန်​မော်သွား​ရောက်ကြည့်ရှုစဥ်။ဓါတ်ပုံ-CJ ၊ ဗိုလ်ချုပ်ဂွန်​မော်)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) / ကချင် လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲ၍ စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးတို့အတွက် မဆုတ်မနစ် ကြိုးစားအားထုတ်သွားမည်ဖြစ်ကြောင်းလည်းအသိပေးထုတ်ပြန်ခဲ့သည်။

(စစ်​ကောင်စီတပ်၏ ​အောင်ဂျာစခန်းကုန်းကို KIA နှင့် မဟာမိတ် ၅ ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်စဥ်၊ သိမ်းပိုက်ပြီး​နောက်မြင်ကွင်းနှင့် ဒုဗိုလ်ချုပ်ကြီး ဂွန်​မော်သွား​ရောက်ကြည့်ရှုစဥ်။ဓါတ်ပုံ-CJ ၊ ဗိုလ်ချုပ်ဂွန်​မော်)
(စစ်​ကောင်စီတပ်၏ ​အောင်ဂျာစခန်းကုန်းကို KIA နှင့် မဟာမိတ် ၅ ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်စဥ်၊ သိမ်းပိုက်ပြီး​နောက်မြင်ကွင်းနှင့် ဒုဗိုလ်ချုပ်ကြီး ဂွန်​မော်သွား​ရောက်ကြည့်ရှုစဥ်။ဓါတ်ပုံ-CJ ၊ ဗိုလ်ချုပ်ဂွန်​မော်)

အောင်ဂျာ စစ်ကောင်စီတပ်စခန်းသည် ဒေသတွင်း ဗျူဟာမြောက်သည့် တပ်စခန်းနေရာဖြစ်ပြီး အဆိုပါ တပ်စခန်းကို သိမ်းပိုက်နိုင်ခြင်းကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာ လုံခြုံရေးအတွက် လုံခြုံရေးစည်း ပိုမိုအားကောင်းစေခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲများ ရပ်သွားမည်မဟုတ်ဘဲ စစ်ရေးအရှိန်မြင့်လာရန်သာရှိကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။