Connect with us

Hi, what are you looking for?

သတင်း

ဟံမြင့်မိုရ် – ရွာငံလမ်းတလျှောက် စစ်ကောင်စီက ဂိတ်အများအပြားဖွင့် ငွေအတောင်းကြမ်းနေ၍ ဘုရားဖူးကားများအခက်ကြုံ

သီတင်းကျွတ်ပိတ်ရက်၌ တောင်ကြီး၊ အင်းလေး၊ ကလော၊ ရွာငံ၊ ပင်းတယ အစရှိသည့်ဒေသများ၌ လာရောက်လည်ပတ်သူအများအပြား ရောက်ရှိနေကြောင်း သိရသည်။

(နေပြည်တော်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(နေပြည်တော်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

သီတင်းကျွတ်ပိတ်ရက် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဘုရားဖူးသွားလာသည့်ယာဥ်များမှာ ဟံမြင့်မိုရ် – ရွာငံလမ်းတလျှောက်၌ စစ်ကောင်စီတပ်က ဂိတ်အများအပြားဖွင့်ကာ ငွေအတောင်းကြမ်း၍ အခက်ကြုံနေရကြောင်း သွားရောက်ခဲ့သူများက ပြောသည်။

မန္တလေးတိုင်းမှ ရှမ်းပြည်နယ်တောင်ပိုင်းသို့သွားရောက်သည့် ဟံမြင့်မိုရ်၊ ရွာငံ၊ အင်းလေး လမ်းတလျှောက်တွင် စစ်ကောင်စီတ​ပ်က စစ်ဆေးရေးဂိတ်များ အများအပြား ဖွင့်လှစ်ကာ ငွေအတောင်းကြမ်းနေကြောင်း၊ ဘုရားဖူးယာဥ်တစ်စီးလျှင် ကျပ် သုံးသောင်းထက်မနည်း တောင်းယူနေကြောင်း သွားရောက်လည်ပတ်ခဲ့သူများက ပြောသည်။

“ပိုက်ဆံတောင်းဂိတ်တွေအလွန်များပဲ။ ရွာငံအတက်မ‌ရောက်ခင် Xray အကျော်က ရဲ သုံးယောက် ကားတစ်စီးငွေ သုံးသောင်းတောင်းတယ်။ အမျိုးမျိုးရစ်တယ်။လိုက်ထရပ်နဲ့ ခွေးဘီးလူးကားတွေဆို အရမ်းရစ်တယ်။ တစ်စီး သုံးသောင်းပဲ ခွင်ဖန်နေကြတာ။”ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။

“ရွာငံ -ဟန်မြင့်မိုရ်လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေအရမ်းများတယ်။ ဂိတ်ချင်းလဲ နီးတယ်။ ၁မိုင်လောက်တောင်မဝေးဘူး။ ကားလိုင်စင်ယူစစ်ပြီး ပိုက်ဆံတောင်းတယ်။”ဟု သွားရောက်ခဲ့သူ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သီတင်းကျွတ်ပိတ်ရက်၌ တောင်ကြီး၊ အင်းလေး၊ ကလော၊ ရွာငံ၊ ပင်းတယ အစရှိသည့်ဒေသများ၌ လာရောက်လည်ပတ်သူအများအပြား ရောက်ရှိနေကြောင်း သိရသည်။

အလားတူ ပုဂံ၊ညောင်ဦးမြို့တွင်လည်း သီတင်းကျွတ်ပိတ်ရက်၌ ဟိုတယ်နှင့်တည်းခိုခန်းအများအပြား ကြိုတင်မှာယူမှုပြည့်နေပြီး ရန်ကုန် – ပုဂံ ကားလက်မှတ်များလည်း ဝယ်ယူရခက်ခဲနေကြောင်း ခရီးသွားရန်လေ့လာနေသူများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။