Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့အနီးတိုက်ပွဲပြင်းထန်၊ စစ်တပ်ပစ်ခတ်​သောလက်နက်ကြီး အသံများ​ကြောင့်ဒေသခံများထိတ်လန့်

မိုးကုတ်မြို့တောင်ပိုင်းရှိ ကုန်းစံရွာမှ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဩဂုတ်လလယ်တွင် TNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်တပ်ကစခန်းပြန်ရရန် ကြိုးစားရာမှစစ်ရေးတင်းမာလာခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်က မိုးကုတ်မြို့ရှိ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုရား​ပေါ်တွင် လက်နက်ကြီးကျည်ဖြတ်သန်း​နေစဥ်/ တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်ပြ​မြေပုံကြမ်း / TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CJ၊TNLA)
(စစ်​ကောင်စီတပ်က မိုးကုတ်မြို့ရှိ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုရား​ပေါ်တွင် လက်နက်ကြီးကျည်ဖြတ်သန်း​နေစဥ်/ တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်ပြ​မြေပုံကြမ်း / TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CJ၊TNLA)

မိုးကုတ်မြို့ အနီးတိုက်ပွဲများပိုမိုပြင်းထန်လာပြီး စစ်ကောင်စီတပ်က ယ​နေ့(​အောက်တိုဘာ ၂၆) လက်နက်ကြီးအင်အား အဆမတန်သုံး၍ ပစ်ခတ်နေ၍ မြို့ခံများ ထိန့်လန့်နေကြ​ကြောင်း​ဒေသခံများက​ပြောသည်။

မိုးကုတ်မြို့ ဗျူဟာကုန်းပေါ်မှ စစ်ကောင်စီတပ်သည် ​အောက်တိုဘာ ၂၅ ရက် ညမှစ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ယနေ့ နံနက် ၉နာရီ ​နောက်ပိုင်းတွင်ပိုမိုကျယ်လောင်ပြင်းထန်သော လက်နက်ကြီးအမျိုးအစားများ အသုံးပြုလာသည်ဟုမြို့ခံများကပြောသည်။

“ခါတိုင်းက ဟောင်ဝစ်ဇာလောက်နဲ့ထုတာ။ဒီနေ့ကတော့ ဒုံးတွေပါ ပါလာတယ်နဲ့တူတယ်။ မြို့လူထုက နားတွေအူတာ။ အသံက အကျယ်ကြီး‌တွေ” ဟု မိုးကုတ်မြို့ ပေါ်ဒေ ပြည်သူတစ်ဦးကပြောသည်။

အခြား​ဒေသခံတစ်ဦးကလည်း စစ်​ကောင်စီတပ်က ယနေ့နေ့လည်ပိုင်းတွင် မိုးကုတ်မြို့ ဗျူဟာကုန်းမှ ၁၅၅ မမဖြင့်ပစ်ခတ်တိုက်ခိုက်​နေခြင်းဖြစ်​ကြောင်း​ပြောသည်။ယခင်က ၁၂၀ မမဖြင့် ပစ်ခတ်ရာမှ ၁၅၅ မမ များဖြင့် ပစ်ခတ်​လာခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်က မိုးကုတ်မြို့ရှိ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုရား​ပေါ်တွင် လက်နက်ကြီးကျည်ဖြတ်သန်း​နေစဥ်/ တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်ပြ​မြေပုံကြမ်း / TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CJ၊TNLA)
(စစ်​ကောင်စီတပ်က မိုးကုတ်မြို့ရှိ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုရား​ပေါ်တွင် လက်နက်ကြီးကျည်ဖြတ်သန်း​နေစဥ်/ တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်ပြ​မြေပုံကြမ်း / TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CJ၊TNLA)

မိုးကုတ်မြို့တောင်ပိုင်းရှိ ကုန်းစံရွာမှ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဩဂုတ်လလယ်တွင် TNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်တပ်ကစခန်းပြန်ရရန် ကြိုးစားရာမှစစ်ရေးတင်းမာလာခြင်းဖြစ်သည်။

ထိုအပြင်ယခုရက်ပိုင်းတွင် ဂွေးပင်ရွာမှ စစ်ကောင်စီစခန်းနှင့် ကျပ်ပြင်ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြောင်း သိရတယ်။

“ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ပေါ်တင်စိန်ခေါ်ပြီးချတာလေ။ မိုးလုံးမှိုင်းစစ်ဆင်ရေးနဲ့ နောင်ရိုးစစ်ဆင်ရေးဆိုပြီး ချနေတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

ယနေ့( အောက်တိုဘာလ ၂၆ရက်) တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်ပြီး ည‌နေ ၅နာရီ ၁၅ မိနစ်ခန့်တွင် ရဟတ်ယာဉ်ဖြင့်ပါ သုံးကြိမ်ပစ်ခတ်သွားကြောင်း သတင်းရရှိသည်။

” ပလောင်ရွာတွေဘက်ကို လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ပစ်တာ ကျနော်တို့မြင်နေရတယ်” ဟု မိုးကုတ်မြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် မိုးကုတ်မြို့ပေါ်မှကလေးများနှင့် သက်ကြီးရွယ်အိုများပါ ထိတ်လန့်၍ ဖျာနာကာ ကျန်းမာရေးထိခိုက်မှုများရှိနေသလို သက်ကြီးရွယ်အိုအချို့ နှလုံးရပ်သေဆုံးမှုပင်ရှိ​နေကြောင်း​ဒေသခံအချို့က​ပြောသည်။သက်ကြီးရွယ်အိုအချို့ နှလုံးရပ်​ သေဆုံးမှုအချို့ရှိသည်ဆိုခြင်းအ​ပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

(စစ်​ကောင်စီတပ်က မိုးကုတ်မြို့ရှိ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုရား​ပေါ်တွင် လက်နက်ကြီးကျည်ဖြတ်သန်း​နေစဥ်/ တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်ပြ​မြေပုံကြမ်း / TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CJ၊TNLA)
(စစ်​ကောင်စီတပ်က မိုးကုတ်မြို့ရှိ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုရား​ပေါ်တွင် လက်နက်ကြီးကျည်ဖြတ်သန်း​နေစဥ်/ တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်ပြ​မြေပုံကြမ်း / TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CJ၊TNLA)

မိုးကုတ်မြို့နယ်အတွင်း ​အောက်တိုဘာလ ဒုတိယပါတ်မှစ၍ ဖြစ်ပွား​နေ​သောတိုက်ပွဲများနှင့်ပတ်သပ်၍ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားရာ အောက်တိုဘာလ ၁၂ရက်တွင် TNLAရှိရာ အထက်ညောင်ကုန်းနှင့် ဖြူရောင်ကျေးရွာ ရှိရာသို့ စစ်ကောင်စီတပ်၊တပ်မ -၄၄၊၈၈ လက်​အောက်ရှိ ​ခြေလျင်တပ်ရင်း ၁၀၂၊၁၀၄ တို့က အင်အား (၁၅၀) ကျော်ဖြင့် လာရောက်ထိုးစစ်ဆင်တိုက်ခိုက်လာ​သော​ကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေ​ကြောင်း​ဖော်ပြထားသည်။မိုးကုတ်မြို့နယ်အတွင်းဖြစ်ပွား​နေ​သောတိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိအပါအဝင် စစ်သားများထိခိုက်ကျဆုံးမှုများပြားပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိ​ကြောင်းအသိ​ပေးထားသည်။

ထို​ကြောင့်စစ်​ကောင်စီတပ်ကလက်နက်ကြီးနှင့်လေ​ကြောင်းပစ်ကူအများအပြားအသုံးပြုတိုက်ခိုက်​နေ​ကြောင်းTNLA ကထုတ်ပြန်ထာသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။