Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင်ဒေသပြန်ရရေး စစ်ရှိန်မြှင့်မည်ဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်

နိုဝင်ဘာ ၇ရက် ညနေတွင် မြောက်ဦးမြို့၌ အရပ်ဝတ်ဖြင့် လှည့်လည်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲအချို့ကို AAက ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်လည်းရှိခဲ့သည်။

(ကိုးကန့်တပ်မတော် (MNDAA)မှ ရဲဘော်များ လောက်ကိုင်မြို့တနေရာ၌ လုံခြုံရေးယူနေစဥ်။ ဓာတ်ပုံ - အေပီ)
(ကိုးကန့်တပ်မတော် (MNDAA)မှ ရဲဘော်များ လောက်ကိုင်မြို့တနေရာ၌ လုံခြုံရေးယူနေစဥ်။ ဓာတ်ပုံ - အေပီ)

ကိုးကန့် လောက်ကိုင်ဒေသပြန်လည်ရရှိရေး စစ်ရေးအရှိန်မြှင့်မည်ဟု ကိုးကန့်တပ်မတော် (MNDAA) အပါအဝင် ညီနောင်မဟာမိတ် ၃ဖွဲ့က ယနေ့ ထုတ်ပြန်သည်။

‘၁၀၂၇ စစ်ဆင်ရေး’ ၁၂ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့(နိုဝင်ဘာ ၇ရက်)စစ်ရေးသတင်းထုတ်ပြန်ရာ အထက်ပါအတိုင်း အသိပေးခြင်းဖြစ်သည်။

ယမန်နေ့တွင် မုံးကို စစ်ကောင်စီဗျူဟာကုန်းကိုတိုက်ခိုက်သိမ်းပိုက်မှု အပါအဝင် ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီထံမှ ဟောင်ဝစ်ဇာအမြောက် ၂လက်နှင့် သံချပ်ကာယာဉ် တစ်စီးသိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးသည်။

ထို့ပြင် လောက်ကိုင်မြို့အနီးတွင် နိုဝင်ဘာ ၇ရက် ညနေမှစ၍ ရင်ဆိုင်တိုက်ပွဲအချို့ရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ညီနောင်သုံးဖွဲ့၏ စစ်ရေးပစ်မှတ်ထဲမှ တစ်ခုဖြစ်သော လောက်ကိုင်ဒေသပြန်လည်ရရှိရေးအတွက် စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်စွာ ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

ရက္ခိုင်ဒေသ စစ်ရေးအခြေအနေကိုလည်း အသိပေးထုတ်ပြန်ခဲ့ရာ ရက္ခိုင့်တပ်တော်(AA) အခြေစိုက်လှုပ်ရှားရာ ရက္ခိုင်ဒေသတွင်း၌ စစ်ကောင်စီစစ်ကြောင်းများသည် ပိုမိုရဲတင်းစွာလှုပ်ရှားလာပြီးစစ်ရေးပြင်ဆင်မှုများကိုပေါ်ပေါ်ထင်ထင်ပြုလုပ်လာနေကြောင်း ၊ ရက္ခိုင်မြို့ကြီးအချို့တွင်လည်း စစ်အင်အား၊လူအင်အား ပိုမိုတိုးချဲ့လာပြီး အရပ်ဘက် အဖွဲ့အစည်းများ တွင် ပါဝင်သူများအား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၇ရက် ညနေတွင် မြောက်ဦးမြို့၌ အရပ်ဝတ်ဖြင့် လှည့်လည်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲအချို့ကို AAက ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်လည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။