Connect with us

Hi, what are you looking for?

သတင်း

သိန္နီမြို့နယ်ရှိ ခမရ (၅၆၈)အထိုင်စခန်းကို ညီနောင်မဟာမိတ် ၃ဖွဲ့သိမ်းပိုက်

ကိုးကန့်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး MNDAA တာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

(သိန္နီရဲစခန်းကို အောက်တိုဘာ ၂၉ ရက်က ဝင်စီးခဲ့သည့် မြောက်ပိုင်းမဟာမိတ်တပ်များ။ဓာတ်ပုံ - The Kokang)
(သိန္နီရဲစခန်းကို အောက်တိုဘာ ၂၉ ရက်က ဝင်စီးခဲ့သည့် မြောက်ပိုင်းမဟာမိတ်တပ်များ။ဓာတ်ပုံ - The Kokang)

ပန်ဆိုင်း၌ ပုန်းနေသည့် စစ်ကောင်စီ ဒုဗိုလ်မှူးကြီးတစ်ဦး တရုတ်ဘက် ထွက်ပြေးစဉ် MNDAA ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ရှိ စစ်ကောင်စီ၏ အထိုင်စခန်းတစ်ခုကို ညီနောင်မဟာမိတ်တပ်များက ယနေ့(နိုဝင်ဘာ ၁၉ ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီမနက် သိန္နီမြို့နယ် နမ့်စလပ်ရှိ ခမရ (၅၆၈) အထိုင်စခန်းကို ညီနောင်မဟာမိတ် ၃ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ဖိုက်တာ ၆ စီးနဲ့ လာပစ်သွားတယ်။ ရွာထဲ ဗုံးကြဲလို့ ပြည်သူလူထုအိမ်တွေ အများအပြား ပျက်စီးသွားတယ်။ မနက် ၁၀နာရီကနေ ၁၀နာရီ မိနစ် ၄၀အတွင်း ဗုံးလာကြဲသွားတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် လက်ရှိ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည့် နမ့်ခမ်းမြို့နယ် စစ်ကောင်စီတပ်စခန်းကုန်းကို လေကြောင်းမှ လေထီးများဖြင့် ရိက္ခာခဲယမ်းထုတ်များ ချပေးသွားကြောင်း ပြောပြသည်။

ထို့ပြင် ကိုးကန့်တပ်မတော်(MNDAA) တပ်များ ယခင်ကတည်းက သိမ်းထားသည့် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီ အရာရှိ တစ်ဦးကို ဖမ်းမိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ ပန်ဆိုင်းရှိ စခ ဒုဗိုလ်မှူးကြီး သူရ တရုတ်ဘက်ကမ်း ဝမ်တိန်ကို ထွက်ပြေးစဉ် MNDAA တပ်က ဖမ်းဆီးလိုက်တယ်။ တပ်ပေါင်းစုတွေက ပန်ဆိုင်းကို သိမ်းပြီး ပြန်ထွက်သွားတာ။ စကစ တပ်တွေပြန်ဝင်သွားတယ်။ ဒီနေ့တော့ အကုန်ရှင်းလိုက်ပြီ။ စကစ တပ်မရှိတော့ဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကိုးကန့်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး MNDAA တာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ဟာ မကြာသေးမီက အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် မဟာမိတ် အာရက္ခတပ်တော်(AA) ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်မွေးနေ့ကို နှစ်ဖွဲ့ ပူးပေါင်းပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဆောင်းပါး

MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ‌ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ကိုးကန့်တပ်မတော်(MNDAA)တို့ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက မတ်လ ၂၁ရက် နေ့လည်ပိုင်းမှာ People's Spring ကို​ပြောပါတယ်။