Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင်မြို့မှ လူဦးရေထောင်ပေါင်းများစွာ မြို့စွန့်ခွာတိမ်းရှောင်

MNDAAက လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် အသင့်ဖြစ်နေပြီး သင့်တော်သည့် အချိန်၌ တိုက်ခိုက်သိမ်းပိုက်မည်ဟု အသိပေးထားသည်။

(လောက်ကိုင်မြို့မှ စွန့်ခွာတိမ်းရှောင်ကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လောက်ကိုင်မြို့မှ စွန့်ခွာတိမ်းရှောင်ကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

“အတက်နိုင်ဆုံး အပြောင်းအရွှေ့တွေလုပ်နေပါတယ်။ ဒီနေ့ တစ်ရက်လုံး ခန့်မှန်းခြေအရ သောင်းဂဏန်းရောက်ရှိလာတယ်လို့ခန့်မှန်းလို့ရတယ်” – MNDAA ပြောရေးဆိုခွင့်ရှိသူ

ကိုးကန့်တပ်မတော်(MNDAA)က လောက်ကိုင်ဒေသ ပြန်လည်ရရှိရေး တိုက်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း အသိပေးထားပြီးနောက် လောက်ကိုင်မြို့မှ တိမ်းရှောင်သူ နေ့စဉ်ထောင်ချီရှိနေပြီး ယမန်နေ့ နိုဝင်ဘာ ၂၇ရက် တစ်ရက်တည်း ချင်းရွှေဟော်သို့ ရောက်ရှိလာသူ တစ်သောင်းခန့်ရှိကြောင်း MNDAA တာဝန်ရှိသူက အတည်ပြုသည်။

MNDAAက လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် အသင့်ဖြစ်နေပြီး သင့်တော်သည့် အချိန်၌ တိုက်ခိုက်သိမ်းပိုက်မည်ဟု အသိပေးထားသည်။

(လောက်ကိုင်မြို့မှ စွန့်ခွာတိမ်းရှောင်ကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လောက်ကိုင်မြို့မှ စွန့်ခွာတိမ်းရှောင်ကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

“အဓိက အခက်အခဲက လူက အရမ်းများတော့ လမ်းပိတ်တာတွေဖြစ်တက်တယ်။ အချိန်နည်းနည်းကြာတာတော့ရှိတယ်။ ဒါပေမဲ့ စားနပ်ရိက္ခာတို့ ရေတို့က သူတို့ ကိုယ့်ဟာကိုယ် ပါလာတာလည်းရှိတယ်။ ပြီးတော့ချင်းရွှေဟော်ရောက်လို့မရှိတဲ့သူတွေကိုလည်း ကျနော်တို့က ထောက်ပံ့တာတွေတော့ရှိတယ်။ အတက်နိုင်ဆုံး အပြောင်းအရွှေ့တွေလုပ်နေပါတယ်။ ဒီနေ့ တစ်ရက်လုံး ခန့်မှန်းခြေအရ သောင်းဂဏန်းရောက်ရှိလာတယ်လို့ခန့်မှန်းလို့ရတယ်”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ ယမန်နေ့ ညပိုင်းက ပြောသည်။

လောက်ကိုင်မှ တိမ်းရှောင်လာသူများသည် MNDAA ထိန်းချုပ်နယ်မြေများကို ဖြတ်သန်းပြီး ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နယ်မြေသို့ဝင်ရောက်ပြီးထိုမှတဆင့် ၎င်းတို့သွားလိုရာ ဒေသသို့ဆက်လက်သွားရောက်ခြင်းဖြစ်သည်။ အဆိုပါ စစ်ရှောင်များ သွားလာရေး စားသောက်နေထိုင်ရေးကို ကူညီပံ့ပိုးလျက်ရှိကြောင်း UWSAက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

(လောက်ကိုင်မြို့မှ စွန့်ခွာတိမ်းရှောင်ကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လောက်ကိုင်မြို့မှ စွန့်ခွာတိမ်းရှောင်ကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

နိုဝင်ဘာ ၂၇ရက်တွင် ၀ ပြည် နမ့်တစ်မြို့မှ တဆင့် တန့်ယန်းမြို့ဘက်သို့ စစ်ရှောင် ဦးရေ ၅ထောင်ခန့်ကို ပို့ဆောင်ပေးမည်ဟု UWSA ပြင်ပဆင်ဆံရေးဌာန တာဝန်ရှိသူ ဦးညီရန်းက အသိပေးထားသည်။

နိုဝင်ဘာ ၂၅ရက် စစ်ရှောင်အခြေအနေကို ဖော်ပြရာ နမ့်တစ်မြို့မှ တန့်ယန်းသို့ စစ်ရှောင် ၁၁၀၀ကျော်ကို ကားများဖြင့် ပို့ဆောင်ပေးခဲ့သည်ဟုဆိုသ်။ နိုဝင်ဘာ ၂၆ရက်ကလ်း စစ်ရှောင် ၁၅၀၀ ခန့်ကို ကားများဖြင့် ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လောက်ကိုင်မြို့မှ ၀ ပြည်သို့ ဝင်ရောက်ဖြတ်သန်းသည့် ဆိုင်ကယ် အစီးရေ ၅၀၀၀ ခန့်ရှိသည်ဟုလည်း ဦးညီရန်းက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။