Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်ရှိ မြကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးကို သတ်ဖြတ်

နိုဝင်ဘာ၁၂ ရက်ကလည်း ပုလဲမြို့နယ် အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၆လုံး မီးလောင်ပျက်စီးခဲ့သည်။

မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ မြကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းသူကလေးတစ်ဦးကို သတ်ဖြတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ဝတ်စုံဝတ်ပေးသွားကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ဒီဇင်ဘာ ၁ ရက်က မြကုန်းကျေးရွာအား စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၈လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့အပြင် စိတ်ကျန်းမာရေးမကောင်းသည့် အသက် (၁၆)နှစ်အရွယ် ယောကျာ်းလေးတစ်ဦးကိုလည်း သတ်ဖြတ်ပြီး PDF ဝတ်စုံ ဝတ်ပေးသွားကြောင်း ပုလဲ(ပအဖ)အဖွဲ့၏ လူသားစာနာတာဝန်ခံက ပြောသည်။

မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ပုလဲ(ပအဖ)

“စိတ်မနှံ့တဲ့ကလေးကိုဖမ်းပြီး ဓားနဲ့ထိုးသတ်သွားတယ်။ အဲဒီကလေးက​ဘောင်းဘီမဝတ်တတ်တဲ့ကလေးကို PDF ​ဘောင်းဘီဝတ်ပေးပြီးတော့ အလောင်းလည်းထားခဲ့တယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ထိုနေ့က မြကုန်းကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့အချို့ ထိတွေ့မှုဖြစ်ပွားပြီး စစ်အုပ်စုထိခိုက်မှုရှိကြောင်း၊ ပြည်သူ့ရဲဘော်တစ်ဦးလည်းကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ပုလဲ(ပအဖ)

နိုဝင်ဘာ၁၂ ရက်ကလည်း ပုလဲမြို့နယ် အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၆လုံး မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။