Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်းရှိ Non-CDMများ အလင်းဝင်ကြရန် NUG နောက်ဆုံးအကြိမ်သတိပေး

Non-CDM ဝန်ထမ်းများကို NUGအငိုးရက ပေးအပ်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ပြီး ပြည်သူဘက်မှရပ်တည်ကြရန်နှင့် မလိုက်နာပါက ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

မကွေးတိုင်းရှိ Non-CDMများ အလင်းဝင်ကြရန် NUG နောက်ဆုံးအကြိမ်သတိပေး
မကွေးတိုင်းရှိ Non-CDMများ အလင်းဝင်ကြရန် NUG နောက်ဆုံးအကြိမ်သတိပေး

မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်တွင်လုပ်ကိုင်နေကြသော Non-CDM ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာရွက်စာတမ်းများကို သက်ဆိုင်ရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်နှံပြီး အလင်းဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် သတိပေးထုတ်ပြန်သည်။

Non-CDM ဝန်ထမ်းများကို NUGအငိုးရက ပေးအပ်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ပြီး ပြည်သူဘက်မှရပ်တည်ကြရန်နှင့် မလိုက်နာပါက ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

မကွေးတိုင်းရှိ Non-CDMများ အလင်းဝင်ကြရန် NUG နောက်ဆုံးအကြိမ်သတိပေး
မကွေးတိုင်းရှိ Non-CDMများ အလင်းဝင်ကြရန် NUG နောက်ဆုံးအကြိမ်သတိပေး

စစ်ရေးလှုပ်ရှားမှုများအတွင်း သိမ်းယူစိုးမိုးရရှိထားသည့် မကွေးတိုင်းရှိ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ရှိ ဝန်ထမ်းများအား ယခုလို သတိပေးလိုက်ခြင်းဖြစ်သည်ဟု NUGက ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေးကာလအတွင်း မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေကြပြီး တော်လှန်ရေးအင်အားစုများက နိုင်ငံအနှံ့ စစ်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြင့်မားစွာဖြင့် လူထုတော်လှန်ရေးလှိုင်းများ လှုပ်ရှားနေကြသည်ဟုလည်း NUGက ဆိုသည်။

Public Service Announcement

Public Service Announcement

“အခုချိန်မှာ စာထုတ်ပြီး ခေါ်ရမယ့်အချိန်မဟုတ်တော့ဘူး။ တော်လှန်ရေးအင်အားစုတွေဘက်က လုပ်သင့်တာတွေလုပ်ရတော့မယ် အချိန်ရောက်နေပြီး၊ သူတို့ကို ငဲ့ညှာနေလို့ မရတော့ဘူး”ဟု CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

နိုင်ငံအနှံ့တွင် တော်လှန်ရေးအင်အားစုများက မြို့များ၊ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံဝန်ထမ်းများကိုလည်း အလင်းဝင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးမှုများ ပြုလုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook