Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေးတိုင်းရှိ Non-CDMများ အလင်းဝင်ကြရန် NUG နောက်ဆုံးအကြိမ်သတိပေး

Non-CDM ဝန်ထမ်းများကို NUGအငိုးရက ပေးအပ်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ပြီး ပြည်သူဘက်မှရပ်တည်ကြရန်နှင့် မလိုက်နာပါက ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

မကွေးတိုင်းရှိ Non-CDMများ အလင်းဝင်ကြရန် NUG နောက်ဆုံးအကြိမ်သတိပေး
မကွေးတိုင်းရှိ Non-CDMများ အလင်းဝင်ကြရန် NUG နောက်ဆုံးအကြိမ်သတိပေး

မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်တွင်လုပ်ကိုင်နေကြသော Non-CDM ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာရွက်စာတမ်းများကို သက်ဆိုင်ရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်နှံပြီး အလင်းဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် သတိပေးထုတ်ပြန်သည်။

Non-CDM ဝန်ထမ်းများကို NUGအငိုးရက ပေးအပ်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ပြီး ပြည်သူဘက်မှရပ်တည်ကြရန်နှင့် မလိုက်နာပါက ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

မကွေးတိုင်းရှိ Non-CDMများ အလင်းဝင်ကြရန် NUG နောက်ဆုံးအကြိမ်သတိပေး
မကွေးတိုင်းရှိ Non-CDMများ အလင်းဝင်ကြရန် NUG နောက်ဆုံးအကြိမ်သတိပေး

စစ်ရေးလှုပ်ရှားမှုများအတွင်း သိမ်းယူစိုးမိုးရရှိထားသည့် မကွေးတိုင်းရှိ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ရှိ ဝန်ထမ်းများအား ယခုလို သတိပေးလိုက်ခြင်းဖြစ်သည်ဟု NUGက ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေးကာလအတွင်း မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေကြပြီး တော်လှန်ရေးအင်အားစုများက နိုင်ငံအနှံ့ စစ်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြင့်မားစွာဖြင့် လူထုတော်လှန်ရေးလှိုင်းများ လှုပ်ရှားနေကြသည်ဟုလည်း NUGက ဆိုသည်။

Public Service Announcement

Public Service Announcement

“အခုချိန်မှာ စာထုတ်ပြီး ခေါ်ရမယ့်အချိန်မဟုတ်တော့ဘူး။ တော်လှန်ရေးအင်အားစုတွေဘက်က လုပ်သင့်တာတွေလုပ်ရတော့မယ် အချိန်ရောက်နေပြီး၊ သူတို့ကို ငဲ့ညှာနေလို့ မရတော့ဘူး”ဟု CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

နိုင်ငံအနှံ့တွင် တော်လှန်ရေးအင်အားစုများက မြို့များ၊ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံဝန်ထမ်းများကိုလည်း အလင်းဝင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးမှုများ ပြုလုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။