Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ယာဥ်တန်းတိုက်ခိုက်ခံရ

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ်လူငယ်လက်ရုံးတပ်နှင့် ထားဝယ်နဂါးတပ် ခွဲ(၂)တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပူး ပေါင်းအဖွဲ့မှ ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

(ထားဝယ်လူငယ်လက်ရုံးတပ်မှ ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ထားဝယ်လူငယ်လက်ရုံးတပ်)
(ထားဝယ်လူငယ်လက်ရုံးတပ်မှ ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ထားဝယ်လူငယ်လက်ရုံးတပ်)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ယာဥ်တန်းကို မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထားဝယ်လူငယ်လက်ရုံးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သရက်ချောင်းဘက်မှ ထားဝယ်မြို့နယ်ဘက်သို့ အိမ်စီးကားသုံးစီးဖြင့် မောင်းနှင်လာသော စစ်ကောင်စီတပ်သားများကို သရက်ချောင်းနယ် ရန်တောင်ရွာနှင့် ညောင်ဇင်ကျေးရွာအကြား၌ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီကျော်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ထားဝယ်နဂါးတပ်ခွဲ(၂)မှ ထုတ်လုပ်ထားသော မိုင်းသုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ၎င်းယာဥ်တန်း၏ နောက်ဆုံးကားဖြစ်သော ပရိုဘောက် ကားနောက်ပိုင်းမှာ မိုင်းထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်”ဟု ထားဝယ်လူငယ်လက်ရုံးတပ်က အသိပေးသည်။

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ်လူငယ်လက်ရုံးတပ်နှင့် ထားဝယ်နဂါးတပ် ခွဲ(၂)တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပူး ပေါင်းအဖွဲ့မှ ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

ထားဝယ်လူငယ်လက်ရုံးတပ်မှ စစ်ကောင်စီတပ်အား တိုက်ခိုက်လျှက်ရှိရာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်ကလည်း မဟာမိတ်ညီနောင်များနှင့်ပူးပေါင်းပြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ စစ်ကောင်စီလက် အောက် ခံ ကျောက်မဲတောင်နယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။