Connect with us

Hi, what are you looking for?

သတင်း

မတရားဖမ်းဆီးခံထားရသော ဒေါက်တာခလမ်ဆန်ဆွန် ကျန်းမာရေးအပေါ် စိုးရိမ်ဟု KBC ပြော

ဒေါက်တာ ခလမ်ဆန်ဆွန်ကို တရားရုံးက အပြီးသတ် တရားစီရင်ချိန် ပုဒ်မ ၃ခုဖြင့် ထောင်ဒဏ် ၆နှစ်ချခံရ၍ ပြည်နယ်တရားရုံး၌ အယူခံဝင်ခဲ့ရာ ၂၀၂၃ အောက်တိုဘာလ အတွင်းက ပယ်ချခံရ၍ ပြည်ထောင်စုတရားရုံးချုပ်အထိ အယူခံဆက်တင်ရန် ရှိကြောင်း သိရသည်။

မတရားဖမ်းဆီးခံထားရသော ဒေါက်တာခလမ်ဆန်ဆွန် ကျန်းမာရေးအပေါ် စိုးရိမ်ဟု KBC ပြော
မတရားဖမ်းဆီးခံထားရသော ဒေါက်တာခလမ်ဆန်ဆွန် ကျန်းမာရေးအပေါ် စိုးရိမ်ဟု KBC ပြော

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွန်၏ ကျန်းမာရေးအခြေအနေအပေါ် စိုးရိမ်စိတ်ပူကြောင်းနှင့် အမြန်ဆုံးပြန်လွှတ်ပေးရန် လိုလားကြောင်း KBC တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေါက်တာခလမ်ဆန်ဆွန်ကို ၂၀၂၂ ဒီဇင်ဘာ ၅ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသို့ ဆေးကုသရန် လေကြောင်းခရီးမှ သွားရောက်စဉ် မန္တလေး လေဆိပ်၌ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)အပါအဝင် ပုဒ်မ ၃ခုဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၆နှစ်ချမှတ်ထားခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် ဒေါက်တာခလမ်ဆန်ဆွန်၏ ကျန်းမာရေးအခြေအနေအပေါ် စိတ်ပူကြောင်း KBC တာဝန်ရှိသူက ယနေ့ ပြောကြားသည်။

“ကျနော်တို့ကတော့ အမြန်လွတ်စေချင်တာပေါ့။ ကျန်းမာရေးကလည်း ခါတိုင်းနဲ့လည်း မတူဘူးပေါ့ အဲဒီလိုမျိုး အသံတွေ ကြားနေတော့ စိတ်ပူတဲ့သဘောရှိတယ်။ အဲဒါ အမြန်တော့ လွတ်စေချင်တယ်” ဟု KBC တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေါက်တာခလမ်ဆန်ဆွန်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် KBCက ယခင်ကတည်းက စစ်ကောင်စီထံ စာပို့တောင်းဆိုထားသည်။

“သူတို့ အခုအချိန်ထိလည်း ဘာမှလည်း လွတ်ငြိမ်းချမ်းသာခွင့်မပေးသေးဘူး”ဟု KBC တာဝန်ရှိသူက ပြောသည်။

ဒေါက်တာ ခလမ်ဆန်ဆွန်ကို တရားရုံးက အပြီးသတ် တရားစီရင်ချိန် ပုဒ်မ ၃ခုဖြင့် ထောင်ဒဏ် ၆နှစ်ချခံရ၍ ပြည်နယ်တရားရုံး၌ အယူခံဝင်ခဲ့ရာ ၂၀၂၃ အောက်တိုဘာလ အတွင်းက ပယ်ချခံရ၍ ပြည်ထောင်စုတရားရုံးချုပ်အထိ အယူခံဆက်တင်ရန် ရှိကြောင်း သိရသည်။

ဒေါက်တာခလမ်ဆန်ဆွန်ကို ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ (၅၂)တို့ဖြင့် မတရား ဖမ်းဆီး အရေးယူထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ ကချင်စေတနာ့ဝန်ထမ်းဆရာမ ၂ဦး သတ်ဖြတ်ခံရတဲ့အမှု တရားမျှတမှု မရသေးတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ ခေတ်အဆက်ဆက် ပြည်သူတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်မှုကျူးလွန်တာတွေရဲ့ သက်သေဖြစ်တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ကရင်၊ ကရင်နီ၊ ရှမ်းမြောက်၊ ရက္ခိုင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း စသည့် နေရာဒေသ အသီးသီးတွင်လည်း စစ်ရှောင်များနေထိုင်ရာ ပြည်သူများ နေထိုင်ရာနေရာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းပြုလုပ်ခဲ့သည်။

သတင်း

စစ်ကောင်စီက ဖမ်းဆီးထားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွန်သည် ယမန်နေ့(ဇူလိုင် ၂၂ရက်)နံနက် ပြန်လည်လွတ်မြောက်လာကြောင်း မြစ်ကြီးနားမြို့ခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီက စစ်မှု ထမ်းဥပဒေအရဟုဆိုကာ တပ်သားသစ်စု ဆောင်းခဲ့ရာ ပထမအသုတ်အနေဖြင့် နိုင်ငံတစ်ဝှမ်းလူငယ် ၁၀,၀၀၀ ကျော်ခေါ်ယူပြီးဖြစ်ကာ အချို့မှာ သင်တန်းဆင်းပြီးနောက် ရှေ့ တန်းသို့ပို့ခံရ၍ စစ်မြေပြင်၌ သေဆုံးမှုများလည်း ရှိနေသည်။