Connect with us

Hi, what are you looking for?

သတင်း

လူကြီးနဲ့ လူငယ် လက်တွေ့ပူးပေါင်းလုပ်ဆောင်ကြဖို့ KNU ဒုစစ်ဦးစီးချုပ်တိုက်တွန်း

လူငယ်နဲ့ လူကြီးတွေ ကျရာကဏ္ဍကနေ ပူပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် ၂ နှစ် ၊ ၃နှစ်အတွင်း ပန်တိုင်းကိုရောက်ရှိနိုင်မယ်လို့ KNU ဒုစစ်ဦးစီးချုပ်က ဆိုပါတယ်။

ပုံ- KNU ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲ
ပုံ- KNU ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲ

ကရင်တစ်မျိုးသားလုံးမျှော်မှန်းထားတဲ့ လွတ်လပ်တဲ့ကရင့်နိုင်ငံအတွက် လူကြီး နဲ့ လူငယ် တိုင်ပင်ညှိနှိုင်းပူးပေါင်းလုပ်ဆောင်ကြဖို့ KNU ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောလိုက်ပါတယ်။

ဖားအံခရိုင်မှာ ဒီဇင်ဘာလ ၁ ရက်အထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ ကရင်လူငယ်တွေ့ဆုံပွဲမှာ ပြောသွားတာလို့သိရပါတယ်။

KNU ဒုစစ်ဦးစီးချုပ်ရဲ့ ကရင်လို ပြောကြားချက်ကို ကရင်လူငယ်အစည်းအရုံး-KYO(ဗဟို)က ဒီနေ့မှာ ပြန်လည်ဖော်ပြလာတာပါ။

လူငယ်နဲ့ လူကြီးတွေ ကျရာကဏ္ဍကနေ ပူပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် ၂ နှစ် ၊ ၃နှစ်အတွင်း ပန်တိုင်းကိုရောက်ရှိနိုင်မယ်လို့ KNU ဒုစစ်ဦးစီးချုပ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် လက်တွေ့လုပ်ဆောင်ကြဖို့ကိုလည်း KNU ဒုစစ်ဦစီးချုပ်က တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဌာနချုပ် မှာပြုလုပ်ခဲ့တဲ့ ကရင်လူငယ်တွေ့ဆုံပွဲကို အနယ်နယ်အရပ်ရပ်က ကရင်လူငယ်တွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

အဲဒီတွေ့ဆုံပွဲဟာ ကရင်အမျိုးသားရေးနဲ့နိုင်ငံရေးကိစ္စရပ်တွေကို ပြန်လည်ဆန်းစစ်ဖို့ ၊ ကရင်လူငယ်တွေ စုဖွဲ့မှုနဲ့ရှေ့ဆက်သွားမယ့် အမျိုးသားရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ ၊ ကရင် အမျိုးသားရေးနဲ့ နိုင်ငံရေး ကဏ္ဍတွေမှာ ကရင်လူငယ်တွေ ပူးပေါင်းပါဝင်မှုအားကောင်းလာစေဖို့ကျင်းပတာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။