မကွေးတိုင်း ဆောမြို့နှင့် ကျောက်ထုမြို့ ကိုဆက်သွယ်ထားသည့် လမ်းတွင် စစ်ကောင်စီတပ်ကို မိုင်းဖြင့် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်းသေဆုံးကာ အမျာအပြား ဒဏ်ရာရခဲကြောင်း ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့(YDF)က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၉ရက် နံနက် ၅ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းနှစ်ကြောင်း စစ်အင်အား (၁၅၀) ကျော်ဖြင့် ဆော-ကျောက်ထု လမ်းပိုင်းတွင် ချီတက်လာရာ YDF ဆောနှင့် ကျောက်ထု ပြောက်ကျားတပ်ဖွဲ့က မိုင်းအကြီး ၂ လုံး ၊ပဒေသာမိုင်း ၄၀ လုံး ၊လက်နက်ကြီး ၇ ချက် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိ့နာခဲ့သည်ဟုဆိုသည်။ တိုက်ပွဲသည် တစ်နေကုန်ကြာမြင့်ခဲ့ပြီး ညနေ ၄ နာရီမှ ပြီးဆုံးခဲ့ကြောင်းလည်း ယော PDF ကထုတ်ပြန်သည်။
ဆောမြို့နယ် ခူးချောင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ခူးချောင်း သင်္ချိုင်းနား၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဆောဒေသခံတစ်ဦးကလည်းအတည်ပြုပေးသည်။
“အဲဒီမှာ တစ်ကြိမ်၊ ဒီဘက် ကချောင်းနဲ့ ကန်ကြီးအစပ်ကြား တစ်ကြိမ်ပေါက်တယ်။ အဲဒီမှာ သေနတ်ကိုအချက်ပေါင်းများစွာ ပစ်ဖောက်လာခဲ့တယ်။ သူတို့ဘက်က အထိအခိုက်ကရှိမှာ။ အနည်းဆုံး ၁၀ဦးလောက်တော့ မှန်းထားကြတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

Public Service Announcement
အောက်တိုဘာလဆန်းကလည်း ဆော-ကျောက်ထု လမ်းပိုင်း၌ စစ်ကောင်စီတပ် ဒေသခံများက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။
“ဒေသတွင်းအခြေအနေက လက်နက်မရှိလို့သာ ခံမပစ်ရဲတာပေါ့။ လက်နက်မရသေးလို့ လက်နက်ရရင်တော့ သူသေကိုယ်သေတွယ်ကြရမှာ။ အခုက လက်နက်မရှိသေးတော့ မိုင်းပဲ အားကိုးပြီးထောင်နေကြရတဲ့ သဘောဖြစ်နေတာပေါ့။” ဟု ဆောဒေသခံတစ်ဦးက ပြောသည်။
ဆောဒေသတိုက်ပွဲများတွင်ဒေသချင်း ဆက်စပ်နေသော ချင်းပြည်နယ်ရှိ မြို့နယ်များမှ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)များလည်းလာရောက် ပူးပေါင်းကူညီတိုက်ခိုက်ပေးလေ့ရှိသည်။
























































