Connect with us

Hi, what are you looking for?

News

ဆော-​ကျောက်ထုလမ်းပိုင်းတွင် စစ်​ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၂၀ ထက်မနည်း​သေဆုံး

“အဲဒီမှာ တစ်ကြိမ်၊ ဒီဘက် ကချောင်းနဲ့ ကန်ကြီးအစပ်ကြား တစ်ကြိမ်ပေါက်တယ်။ အဲဒီမှာ သေနတ်ကိုအချက်ပေါင်းများစွာ ပစ်ဖောက်လာခဲ့တယ်။ သူတို့ဘက်က အထိအခိုက်ကရှိမှာ။ အနည်းဆုံး ၁၀ဦးလောက်တော့ မှန်းထားကြတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

မကွေးတိုင်း ဆောမြို့နှင့် ကျောက်ထုမြို့ ကိုဆက်သွယ်ထားသည့် လမ်းတွင် စစ်ကောင်စီတပ်ကို မိုင်းဖြင့် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်းသေဆုံးကာ အမျာအပြား ဒဏ်ရာရခဲကြောင်း ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့(YDF)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၉ရက် နံနက် ၅ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းနှစ်ကြောင်း စစ်အင်အား (၁၅၀) ကျော်ဖြင့် ဆော-ကျောက်ထု လမ်းပိုင်းတွင် ချီတက်လာရာ YDF ဆောနှင့် ကျောက်ထု ပြောက်ကျားတပ်ဖွဲ့က မိုင်းအကြီး ၂ လုံး ၊ပ​ဒေသာမိုင်း ၄၀ လုံး ၊လက်နက်ကြီး ၇ ချက် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်အထိ့နာခဲ့သည်ဟုဆိုသည်။ တိုက်ပွဲသည် တစ်​နေကုန်ကြာမြင့်ခဲ့ပြီး ည​နေ ၄ နာရီမှ ပြီးဆုံးခဲ့​ကြောင်းလည်း ​ယော PDF ကထုတ်ပြန်သည်။

ဆောမြို့နယ် ခူးချောင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ခူးချောင်း သင်္ချိုင်းနား၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဆောဒေသခံတစ်ဦးကလည်းအတည်ပြု​ပေးသည်။

“အဲဒီမှာ တစ်ကြိမ်၊ ဒီဘက် ကချောင်းနဲ့ ကန်ကြီးအစပ်ကြား တစ်ကြိမ်ပေါက်တယ်။ အဲဒီမှာ သေနတ်ကိုအချက်ပေါင်းများစွာ ပစ်ဖောက်လာခဲ့တယ်။ သူတို့ဘက်က အထိအခိုက်ကရှိမှာ။ အနည်းဆုံး ၁၀ဦးလောက်တော့ မှန်းထားကြတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာလဆန်းကလည်း ဆော-ကျောက်ထု လမ်းပိုင်း၌ စစ်ကောင်စီတပ် ဒေသခံများက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

“ဒေသတွင်းအခြေအနေက လက်နက်မရှိလို့သာ ခံမပစ်ရဲတာပေါ့။ လက်နက်မရသေးလို့ လက်နက်ရရင်တော့ သူသေကိုယ်သေတွယ်ကြရမှာ။ အခုက လက်နက်မရှိသေးတော့ မိုင်းပဲ အားကိုးပြီးထောင်နေကြရတဲ့ သဘောဖြစ်နေတာပေါ့။” ဟု ဆောဒေသခံတစ်ဦးက ပြောသည်။

ဆောဒေသတိုက်ပွဲများတွင်ဒေသချင်း ဆက်စပ်နေသော ချင်းပြည်နယ်ရှိ မြို့နယ်များမှ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)များလည်းလာ​ရောက် ပူးပေါင်းကူညီတိုက်ခိုက်ပေး​လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook