Connect with us

Hi, what are you looking for?

သတင်း

ထွက်ပြေးစစ်ကောင်စီတပ်သားများရှိနေနိုင်သေး၍ CDF ဒိုင်ရ်၏ထုတ်ပြန်ချက် ပြည်သူများ လိုက်နာကြရန် သတိပေး

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

(ဖမ်းမိသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF Daai)
(ဖမ်းမိသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF Daai)

ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း တိုက်ပွဲများနှင့် ရက္ခိုင်ဒေသတိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများ ပလက်၀ မြို့နယ်အတွင်း၌ ဆက်ရှိနေနိုင်သေး၍ ပြည်သူများအနေဖြင့် ခရီးသွားလာမှုကိစ္စအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဒိုင်ရ်(Daai) ၏ ထုတ်ပြန်ချက်များကို လိုက်နာပေးကြရန် ပြည်သူများကို CDF – ဒိုင်ရ် အထွေထွေအတွင်းရေးမှူး ဆလိုင်းအိုက်ဘိခ်က ပြောသည်။

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

ဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ခဲယမ်းရရှိမှု မရှိကြောင်း၊ ဒေသတွင်း၌ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား များစွာကျန်နေမည်ဟု ယူဆကြောင်း ဆလိုင်းအိုက်ဘိခ်က ပြောသည်။

“ရှေ့အလားအလာနဲ့ပတ်သက်ပြီး ပြောချင်တာက ဒီလိုမျိုး စစ်ပြေးတွေ ဒေသတွင်းမှာ မြောက်များစွာ ရှိနိုင်တယ်။ ဒါကြောင့်မို့ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ပြည်သူလူထုတွေ လိုက်နာဖို့ပေါ့”ဟု ဆလိုင်းအိုက်ဘိခ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

CDF ဒိုင်ရ်၏ ဖေဖော်ဝါရီ ၁ရက် ထုတ်ပြန်ချက်တွင် ဒိုရ်ဒေသအတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်၍ ရေကြောင်းဖြင့် သွားလာခြင်း၊ ကုန်စည်ရောင်းဝယ်မှုများကို ဖေဖော်ဝါရီ ၁ရက်မှ ၄ရက်နေ့အထိ လုံး၀ မလုပ်ကြရန် ဖော်ပြထားသည်။

ဖမ်းမိ စစ်ကောင်စီတပ်သားများအား နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေ ဂျီနီဗာကွန်ဗန်းရှင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု CDF ဒိုင်ရ် အထွေထွေအတွင်းရေးမှူးက ပြောသည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများတွင် ပြင်းထန်ဒဏ်ရာ သုံးဦးနှင့် သာမာန်ဒဏ်ရာ နှစ်ဦး တို့ကို CDF ဒိုင်ရ်က ဆေးကုသမှု ပြုလုပ်ပေးခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။