Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထွက်ပြေးစစ်ကောင်စီတပ်သားများရှိနေနိုင်သေး၍ CDF ဒိုင်ရ်၏ထုတ်ပြန်ချက် ပြည်သူများ လိုက်နာကြရန် သတိပေး

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

(ဖမ်းမိသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF Daai)
(ဖမ်းမိသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF Daai)

ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း တိုက်ပွဲများနှင့် ရက္ခိုင်ဒေသတိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများ ပလက်၀ မြို့နယ်အတွင်း၌ ဆက်ရှိနေနိုင်သေး၍ ပြည်သူများအနေဖြင့် ခရီးသွားလာမှုကိစ္စအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဒိုင်ရ်(Daai) ၏ ထုတ်ပြန်ချက်များကို လိုက်နာပေးကြရန် ပြည်သူများကို CDF – ဒိုင်ရ် အထွေထွေအတွင်းရေးမှူး ဆလိုင်းအိုက်ဘိခ်က ပြောသည်။

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

ဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ခဲယမ်းရရှိမှု မရှိကြောင်း၊ ဒေသတွင်း၌ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား များစွာကျန်နေမည်ဟု ယူဆကြောင်း ဆလိုင်းအိုက်ဘိခ်က ပြောသည်။

“ရှေ့အလားအလာနဲ့ပတ်သက်ပြီး ပြောချင်တာက ဒီလိုမျိုး စစ်ပြေးတွေ ဒေသတွင်းမှာ မြောက်များစွာ ရှိနိုင်တယ်။ ဒါကြောင့်မို့ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ပြည်သူလူထုတွေ လိုက်နာဖို့ပေါ့”ဟု ဆလိုင်းအိုက်ဘိခ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

CDF ဒိုင်ရ်၏ ဖေဖော်ဝါရီ ၁ရက် ထုတ်ပြန်ချက်တွင် ဒိုရ်ဒေသအတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်၍ ရေကြောင်းဖြင့် သွားလာခြင်း၊ ကုန်စည်ရောင်းဝယ်မှုများကို ဖေဖော်ဝါရီ ၁ရက်မှ ၄ရက်နေ့အထိ လုံး၀ မလုပ်ကြရန် ဖော်ပြထားသည်။

ဖမ်းမိ စစ်ကောင်စီတပ်သားများအား နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေ ဂျီနီဗာကွန်ဗန်းရှင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု CDF ဒိုင်ရ် အထွေထွေအတွင်းရေးမှူးက ပြောသည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများတွင် ပြင်းထန်ဒဏ်ရာ သုံးဦးနှင့် သာမာန်ဒဏ်ရာ နှစ်ဦး တို့ကို CDF ဒိုင်ရ်က ဆေးကုသမှု ပြုလုပ်ပေးခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။