Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်အပါအဝင် အရပ်သား နှစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် ယမ်နေ့တွင် မဲနယ်တောင်ဒေသ ကျောက္ကဆျား၊လုံးဟီး၊ စငေါ ကျေးရွာဘက်သို့လည်း လက်နက်ကြီး အချက်ပေါင်း ၁၀၀ကျော် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်များက တိုက်ပွဲတုဖန်တီးပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် လသားအရွယ်ကလေးငယ်နှင့် ဒေသခံ၁ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ရက်)ညပိုင်းတွင် ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့ရှိ စစ်ကောင်စီ၏ ခမရ (၄၂၅)နှင့် (၄၂၆)တပ်က တိုက်ပွဲအတု ဖန်တီးပြီး ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် အချက်ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များသည် ယမန်နေ့ည ၉ နာရီအချိန် ၎င်းတို့ တပ်အတွင်း၌ လက်နက်ငယ်များကို တဖက်သတ် ပစ်ဖောက်ခဲ့ပြီးနောက် ထမ်းယံကျေးရွာနှင့် ထီတမ်ကျေးရွာကို လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – PNLA)

ထိုသို့ပစ်ခတ်ခဲ့၍ ထမ်းယံရွာမှ (၆)လသားအရွယ်ကလေးငယ်တစ်ဦးနှင့် ထီတမ်ရွာမှ ဒေသခံအမျိုးသားတစ်ဦး စုစုပေါင်း နှစ်ဦး သေဆုံးပြီး ဒေသခံပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူလူထု နေအိမ်များလည်း ပျက်စီးခဲ့ရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကျေးရွာများသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တည်ရှိသည့်နေရာလည်းမဟုတ်သကဲ့သို့ PNLA တပ်စွဲထားခြင်းလည်း မရှိကြောင်း၊ လူထုကို တမင် ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသိပေးသည်။

“အခုစစ်ကောင်စီဟာ အလုံးစုံဖျက်စီးရေးဆိုတဲ့အတိုင်း စစ်မနိုင်တိုင်း ကြွက်မနိုင်၊ ကျီမီးရှို့သလိုမျိုး စစ်မနိုင်တော့ လူထုကို ရန်သူလို့သတ်မှတ်ပြီး တိုက်ခိုက်သတ်ဖြတ်နေတာဖြစ်ပါတယ်။ စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေဟာ စစ်သားစိတ်မရှိတဲ့ အကြမ်းဖက်သမားတွေသာဖြစ်တာကြောင့် ဒီလို ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်နေတာဖြစ်ပါတယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – PNLA)

ထို့အပြင် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူးထားကြရန်နှင့် လုံခြုံရေးအတွက် သတိထားနေထိုင်ကြရန်လည်း ခွန်ရိန်းယံက တိုက်တွန်းသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် ယမ်နေ့တွင် မဲနယ်တောင်ဒေသ ကျောက္ကဆျား၊လုံးဟီး၊ စငေါ ကျေးရွာဘက်သို့လည်း လက်နက်ကြီး အချက်ပေါင်း ၁၀၀ကျော် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။