Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆီဆိုင်မြို့နယ်မြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီနှင့် ပြည်သူ့စစ် ၈ဦးထက်မနည်းသေဆုံး ၊လက်နက် ၂လက်နှင့် ကားတစ်စီးသိမ်းဆည်းရရှိ

PNLA ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီနှင့် အပေါင်းအပါများက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်နေသည်ဟု အသိပေးထားသည်။

(စစ်​ကောင်စီတပ်နှင့် ပြည်သူ့စစ် များထံမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်း၊စစ်အသုံးအ​ဆောင်နှင့် ကားတစ်စီး။ ဓါတ်ပုံ-PNLA)
(စစ်​ကောင်စီတပ်နှင့် ပြည်သူ့စစ် များထံမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်း၊စစ်အသုံးအ​ဆောင်နှင့် ကားတစ်စီး။ ဓါတ်ပုံ-PNLA)

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် မြောက်ပိုင်းတစ်နေရာတွင်ဖေဖော်ဝါရီ ၁၂ရက်က တိုက်ပွဲ၌ စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိခဲ့ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ယနေ့ ထုတ်ပြန်သည်။

PNLA ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီနှင့် အပေါင်းအပါများက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်နေသည်ဟု အသိပေးထားသည်။

(စစ်​ကောင်စီတပ်နှင့် ပြည်သူ့စစ် များထံမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်း၊စစ်အသုံးအ​ဆောင်နှင့် ကားတစ်စီး။ ဓါတ်ပုံ-PNLA)
(စစ်​ကောင်စီတပ်နှင့် ပြည်သူ့စစ် များထံမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်း၊စစ်အသုံးအ​ဆောင်နှင့် ကားတစ်စီး။ ဓါတ်ပုံ-PNLA)

ဖေဖော်ဝါရီ ၁၂ရက်က ဆီဆိုင်မြို့နယ် မြောက်ပိုင်းတနေရာတွင်ပအိုဝ်းဒေသလုံခြုံရေး ကင်းလှည့်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ လုံခြုံရေးစစ်ကြောင်းကို စစ်ကောင်စီနှင့်ပြလက်​အောက်ခံပြည်သူ့စစ်များက စနိုက်ပါများ ၊ဒရုန်းများ လက်နက်ကြီး လက်နက်ငယ်များဖြင့် စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ PNLA လုံခြုံရေးတပ်ဖွဲ့တွေက ပအိုဝ်းဒေသ လုံခြုံရေးအတွက် ကင်းလှည့်တဲ့ အချိန်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေက ဆီဆိုင်မြောက်ပိုင်း တစ်နေရာမှာ ဒရုန်းတွေ ၊ လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ပစ်ခတ်တယ်။ စတင်ပစ်ခတ်တယ် ခြောင်းမြောင်းပစ်ခတ်တာပေါ့။ အဲဒါနဲ့ ကျနော်တို့က ဒီဟာကိုပြန်လည် ခုခံစစ်လုပ်ရတယ်။ ခြောင်းမြောင်းပစ်ခတ်တဲ့နေရာကိုသွားရှင်းတဲ့အချိန်မှာစစ်ကောင်စီနဲ့ အပေါင်းအပါတွေက ၈ဦးထက်မနည်း ကျဆုံးတာတွေ့ရတယ်။ ပြီးတော့လက်နက်ခဲယမ်းအချို့သိမ်းမိရတာတွေရှိပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်နှင့် ပြည်သူ့စစ် များထံမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်း၊စစ်အသုံးအ​ဆောင်နှင့် ကားတစ်စီး။ ဓါတ်ပုံ-PNLA)
(စစ်​ကောင်စီတပ်နှင့် ပြည်သူ့စစ် များထံမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်း၊စစ်အသုံးအ​ဆောင်နှင့် ကားတစ်စီး။ ဓါတ်ပုံ-PNLA)

စစ်ကောင်စီထံမှ သေနတ် ၂ လက်၊ ကား ၁ စီး နှင့် ခဲယမ်း ကျည်ဆံအချို့ကို သိမ်းဆည်းရမိခဲ့ဟု ဓါတ်ပုံမှတ်တမ်းကို ဖော်ပြထားသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်များထွက်ပြေးသွားရာလမ်းတလျောက်ရှိပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်​သောကြောင် ကျေးရွာအတွင်းရှိ ပြည်သူလူထုများ ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုဆိုသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(PNLA)အနေဖြင့် ပအိုဝ်းအမျိုးသားချင်းချင်း တိုက်ခိုက်မည်မဟုတ်ကြောင်း ထပ်မံ အသိပေးသည်။ထို့ကြောင့် ပအိုဝ်းဒေသအား နှစ်ပေါင်းများစွာ နှိပ်စက် ဖျက်ဆီးလာခဲသည့် စစ်အာဏာရှင်အတွက် အသက်ပေးကာ ပအိုဝ်းအမျိုးသားအချင်းချင်းကို ပြန်လည်တိုက်ခိုက်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် လေးလေးနက်နက်စဉ်းစားရန် PNLAက ထပ်မံ သတိပေးခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။