Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်အပါအဝင် အရပ်သား နှစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် ယမ်နေ့တွင် မဲနယ်တောင်ဒေသ ကျောက္ကဆျား၊လုံးဟီး၊ စငေါ ကျေးရွာဘက်သို့လည်း လက်နက်ကြီး အချက်ပေါင်း ၁၀၀ကျော် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်များက တိုက်ပွဲတုဖန်တီးပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် လသားအရွယ်ကလေးငယ်နှင့် ဒေသခံ၁ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ရက်)ညပိုင်းတွင် ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့ရှိ စစ်ကောင်စီ၏ ခမရ (၄၂၅)နှင့် (၄၂၆)တပ်က တိုက်ပွဲအတု ဖန်တီးပြီး ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် အချက်ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များသည် ယမန်နေ့ည ၉ နာရီအချိန် ၎င်းတို့ တပ်အတွင်း၌ လက်နက်ငယ်များကို တဖက်သတ် ပစ်ဖောက်ခဲ့ပြီးနောက် ထမ်းယံကျေးရွာနှင့် ထီတမ်ကျေးရွာကို လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – PNLA)

ထိုသို့ပစ်ခတ်ခဲ့၍ ထမ်းယံရွာမှ (၆)လသားအရွယ်ကလေးငယ်တစ်ဦးနှင့် ထီတမ်ရွာမှ ဒေသခံအမျိုးသားတစ်ဦး စုစုပေါင်း နှစ်ဦး သေဆုံးပြီး ဒေသခံပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူလူထု နေအိမ်များလည်း ပျက်စီးခဲ့ရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကျေးရွာများသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တည်ရှိသည့်နေရာလည်းမဟုတ်သကဲ့သို့ PNLA တပ်စွဲထားခြင်းလည်း မရှိကြောင်း၊ လူထုကို တမင် ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသိပေးသည်။

“အခုစစ်ကောင်စီဟာ အလုံးစုံဖျက်စီးရေးဆိုတဲ့အတိုင်း စစ်မနိုင်တိုင်း ကြွက်မနိုင်၊ ကျီမီးရှို့သလိုမျိုး စစ်မနိုင်တော့ လူထုကို ရန်သူလို့သတ်မှတ်ပြီး တိုက်ခိုက်သတ်ဖြတ်နေတာဖြစ်ပါတယ်။ စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေဟာ စစ်သားစိတ်မရှိတဲ့ အကြမ်းဖက်သမားတွေသာဖြစ်တာကြောင့် ဒီလို ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်နေတာဖြစ်ပါတယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – PNLA)

ထို့အပြင် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူးထားကြရန်နှင့် လုံခြုံရေးအတွက် သတိထားနေထိုင်ကြရန်လည်း ခွန်ရိန်းယံက တိုက်တွန်းသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် ယမ်နေ့တွင် မဲနယ်တောင်ဒေသ ကျောက္ကဆျား၊လုံးဟီး၊ စငေါ ကျေးရွာဘက်သို့လည်း လက်နက်ကြီး အချက်ပေါင်း ၁၀၀ကျော် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။