Connect with us

Hi, what are you looking for?

News

အာဆီယံ ကိုယ်စားလှယ်နဲ့ ပါတီအချို့ မနက်ဖြန်နေပြည်တော် မှာတွေ့ဖို့ရှိနေ

ဒါပေမယ့် အာဆီယံ အထူးကိုယ်စားလှယ်တောင်းဆိုထားသလို မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ ခွင့် ရ မရကို မသိရသေးပါဘူး။

မြန်မာ့အရေးကြားဝင်ဖြေရှင်းပေးဖို့ ခန့်အပ်ထားတဲ့ အာဆီယံ ကိုယ်စားလှယ် နဲ့ ပြည်တွင်းက နိုင်ငံရေးပါတီတွေ မနက်ဖြန် နေ့လယ်ပိုင်း နေပြည်တော်မှာ တွေ့ဆုံမယ်လို့ ပါတီအချို့ဆီကသိရပါတယ်။

ဒီတွေ့ဆုံမှုမှာ ပါဝင်မယ့် ပါတီအရေအတွက် အတိအကျ ကို စုံစမ်းဆဲဖြစ်ပေမယ့် ပြည်ခိုင်ဖြိုး ပါတီ ပါဝင်တယ်လို့သိရပါတယ်။

ဒါအပြင် သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီလည်းတက်ရောက်ဖို့ရှိနေပါတယ်။

တွေ့ဆုံမယ့်နေရာကို စစ်ကောင်စီခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးမှာစီစဉ်ထားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် အာဆီယံ အထူးကိုယ်စားလှယ်တောင်းဆိုထားသလို မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ ခွင့် ရ မရကို မသိရသေးပါဘူး။

စစ်ကောင်စီဘက်ကတော့ အမှုရင်ဆိုင်နေရဆဲ သူနဲ့ ပေးတွေ့ဖို့ ခက်ခဲတဲ့အကြောင်း ကြိုတင်ထုတ်ပြောထားတာရှိပါတယ်။

အာဆီယံ ကိုယ်စားလှယ်နဲ့ ပူးပေါင်းမှုမရှိရင် စစ်ကောင်စီ ဥက္ကဋ္ဌ ကို လာမယ့် အစည်းအဝေး ပေးတက်ဖို့ ခက်ခဲလိမ့်မယ်အာဆီယံ ဝန်ကြီးအချို့ ထုတ်ပြောပြီးတဲ့နောက် အခုလို ခရီးစဉ်ဖြစ်လာတာကိုတွေ့ရပါတယ်။

အာဆီယံ ကိုယ်စားလှယ် ဖြစ်သူ ဘရူးနိုင်းနိုင်ငံခြားရေးဒုဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပါတီတွေအပြင် အခြားသော မည်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီလို အာဆီယံ ကိုယ်စားလှယ်နဲ့ ပါတီတွေ မတွေ့ဆုံခင် မနေ့ က နေပြည်တော် မှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ပါတီတွေ ဟာ နေပြည်တော်မှာ တွေ့ဆုံခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။