Connect with us

Hi, what are you looking for?

သတင်း

နှစ်ပေါင်း၂၀ကျော် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင်နီ KNSOက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တော့မည်ဟု ကြေညာ

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

နှစ်ပေါင်း၂၀ကျော် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင်နီ KNSOက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တော့မည်ဟု ကြေညာ
နှစ်ပေါင်း၂၀ကျော် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင်နီ KNSOက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တော့မည်ဟု ကြေညာ

မောင်မောင်/People’s Spring

စစ်အစိုးရလက်ထက်က ငြိမ်းချမ်းရေးရယူခဲ့သည့် ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ(KNSO)ခေါ် ကြယ်ဖြူ ပြည်သူ့စစ်တပ်ဖွဲ့က စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းယူမှု နောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများအပေါ် စစ်ကောင်စီက နည်းအမျိုးမျိုးဖြင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်အားကိုးပြီး အင်အားသုံး တိုက်ခိုက်လာမှုကြောင့် ကရင်နီ ပြည်တွင်းရှိ ပြည်သူများသာမက မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရကြောင်း၊ လူငယ်လူရွယ်များ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ထောင်ပေါင်းများစွာ ဖမ်းဆီးခံရခဲ့ကြောင်း၊ ယင်းသို့သော စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် လုံး၀ ကန့်ကွက်ရှုတ်ချကြောင်း KNSOက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် KNSO ဌာနချုပ်ရုံး အခြေပြုရာ ခဲမဖြူ ကျေးရွာအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ မော်ချီးရှိ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်ခြင်းတို့ပြုလုပ်ခဲ့ရာ ယင်းသို့လုပ်ဆောင်မှုသည် စစ်ကောင်စီက ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် KNSOအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား ကရင်နီပြည်တွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းကာ စစ်အာဏာရှင် ကျဆုံးရေး နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအထိ ပါဝင်တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

ကြယ်ဖြူပြည်သူ့စစ်အဖွဲ့ဟုခေါ်ဆိုသည့် KNSO သည် မော်ချီးဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်ပြီး ၂၀၀၂နိုဝင်ဘာ ၉ရက်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။

၂၀၂၃ ဇွန်လအတွင်းကလည်း စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF) အဖြစ် ဖွဲ့စည်းထားသည့် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)ကလည်း ကရင်နီ(ကယား)ပြည်နယ် မဲစဲ့ဒေသတိုက်ပွဲတွင်ပါဝင်ပြီး ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့်လက်တွဲကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ပြီဖြစ်ကြောင်း အသိပေးကာ တိုက်ပွဲဝင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။