Connect with us

Hi, what are you looking for?

သတင်း

အဓမ္မစစ်သားစုဆောင်းခံရသူများ ရှေ့တန်းစစ်မြေပြင်ရောက်သည်အထိ စစ်ကောင်စီလက်အောက်မှထွက်ခွာနိုင်ရေး ဖန်တီးပေးထားဟု NUGပြော

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

(စစ်ကောင်စီ​၏ စစ်သားအဖြစ် စုဆောင်းခြင်းခံရသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)
(စစ်ကောင်စီ​၏ စစ်သားအဖြစ် စုဆောင်းခြင်းခံရသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)

ဟန်နွေ/People’s Spring

စစ်ကောင်စီက အဓ္ဓမစစ်သားစုဆောင်းမှုကြောင့် ရှေ့တန်းစစ်မြေပြင်အထိ လိုက်ပါရသူများကိုပါ စစ်ကောင်စီလက်အောက်မှ ထွက်ခွာနိုင်ရေး ဖန်တီးပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တာဝန်ရှိသူများက ရှင်းလင်း ပြောကြားသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပေဒပြဌာန် စစ်သားစုဆောင်းမှုအပေါ် NUG ဘက်က တုံ့ပြန် ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး ယနေ့(ဧပြီ ၃၀ရက်) ပြုလုပ်သည့် NUG (၃)နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်နှင့် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်တို့က ရှင်းလင်းဖြေကြားခဲ့သည်။

စစ်ကောင်စီဘက်က ထွက်လာချင်သူများ ပြည်သူ့ရင်ခွင်ခိုလှုံချင်သူများကို အမြဲတမ်း လက်ကမ်းထားကြောင်း ၊ တိုက်ပွဲများဆင်နွှဲချိန်၌လည်း ထွက်လာခွင့်ရရေး အခွင့်အရေး ပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဦးနိုင်ထူးအောင်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်မှုထမ်းဥပဒေအရ မတရားသဖြင့် စစ်မှုထမ်းခိုင်းခံရသူများ ရှေ့တန်းရောက်လာပါက ဆက်သွယ်ပြီး ထွက်လာနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း ၎င်းက ဆိုသည်။

” သို့သော် တစ်ခုရှိတာကတော့ ယူနီဖောင်းဝတ်ထားတယ်။ စစ်ရေးပစ်မှတ်လည်းဖြစ်တယ်။ လက်နက်လည်း ကိုင်ထားတယ်ဆိုတဲ့ ကိစ္စရပ်တွေကတော့ ဘယ်သူဘယ်ဝါဆိုတာ တကယ့်တိုက်ပွဲထဲမှာ ခွဲခြားဖို့ ခက်ပါတယ်။ ကျနော်တို့ဘက်က ထွက်လာနိုင်ဖို့အတွက် အမြဲတမ်း အခွင့်အရေးလုပ်ပေးထားမယ်”ဟု ဦးနိုင်ထူးအောင်က ပြောသည်။

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

ဦးနေဘုန်းလတ်ကလည်း စစ်မှုထမ်းဥပဒေ ပြဌာန်းမှုအပေါ် တုံ့ပြန်ရန် NUGက ဆောင်ရွက်နေသည့် အချက်များအနက် ပြည်သူနှင့် ဆက်ဆံရန်အချက်လည်းပါဝင်ရာ မတ်လ ၃၀ရက်မှစ၍ တယ်လီဂရမ်ချန်နယ်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ တစ်လအတွင်း ဆက်သွယ်မှုပေါင်း ၁၅,၀၀၀ ခန့် ရရှိခဲ့ဟု ရှင်းပြသည်။

ဆက်သွယ်မှုများအနက် စစ်ကောင်စီထံစစ်မှုမထမ်းလို၍ PDFဘက်သို့ ဝင်လိုကြောင်း ဆက်သွယ်သူ အများစုဖြစ်ပြီး အချို့မှာ လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လိုကြောင်း ဆက်သွယ်မှု၊ စစ်အုပ်စုနှင့်အတူ စစ်သားစုဆောင်းမှု၌ ပူးပေါင်းဆောင်ရွက်သူများအား သတင်းပေးမှု များရှိသည်ဟု ဦးနေဘုန်းလတ်က ရှင်းပြသည်။

PDFအတွင်းဝင်လိုသူများကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမှုရှိကြောင်း၊ လွတ်မြောက်ရာသို့ ခိုလှုံလိုသူများကိုလည်း လူသားစာနာဝန်ကြီးဌာနမှ တဆင့် တိုင်းရင်းသား အဖွဲ့များနှင့် ချိတ်ဆက် ပို့ဆောင်ပေးမှု ရှိကြောင်း အသိပေးသည်။

ထို့ပြင် တိုင်းရင်းသားအစုအဖွဲ့များနှင့် ဆွေးနွေညှိနှိုင်းဆောင်ရွက်နေမှု ရှိသကဲ့သို့ တိုင်းရင်းသား အစုအဖွဲ့အများစုကလည်း တိမ်းရှောင်လိုပါက လက်ခံမည်ဟု အသိပေးထားခြင်းများလည်းရှိသည်ဟု ရှင်းပြသည်။

” ဘယ်လိုမှ မလွှဲမရှောင်သာဘဲနဲ့ လိုက်ပါသွားရတဲ့အခြေအနေရှိတယ်ဆိုရင်လည်း ဒီလိုအခြေအနေမျိုးတွေကို အကြုံပြုချင်တာက ခုဏက ပြောသလိုပဲ။ သေချတာတစ်ခုက ကိုယ်က စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ အကြမ်းဖက်စစ်အုပ်စုဘက်က ရပ်ပြီးတော့ ပြည်သူလူထုဘက်ကို သေနတ်ဖောက်ပြီဆိုရင်တော့ ဒါအကြမ်းဖက်စစ်အုပ်စုထဲကို ဝင်ရောက်သွားတဲ့ အနေအထား သူ့ဘက်ကနေ စစ်ကို ကူတိုက်တယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်သွားမှာပေါ့နော်။ အဲဒီလို အခြေအနေမျိုးထိ အရောက်မခံဘဲနဲ့ နည်းလမ်းပေါင်းစုံနဲ့ပေါ့ဗျာ ချက်ချင်း ရှေ့တန်းလွှတ်တယ်ဆိုရင်လည်း ရှေ့တန်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ မရရအောင် တနည်းနည်းနဲ့ ဆက်သွယ်ပြီးတော့ အလံဖြူထောင်တဲ့ ကိစ္စတွေ ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ ကိစ္စတွေ အလျင်အမြန် လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

အဓမ္မစစ်သားစုဆောင်းခံရ၍ ပါလာသူများကို စစ်သုံ့ပန်းအနေဖြင့်ပြန်လည်ဖမ်းဆီးရမိပါကလည်း ထည့်သွင်းစဉ်းစားမည့် အစီအစဉ်ရှိသည် ဟုလည်း ဦးနေဘုန်းလတ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။