Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တွင် တိုက်ပွဲပြန် PDFရဲဘော်များအား ကြိုဆိုခဲ့သည့် ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ ရွာသားလေးဦး သတ်ဖြတ်

နှစ်ရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူမှုများပြီး PDFရဲဘော် ၁၅ဦးခန့်လည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။

(ရွာရှည်ရွာအား ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်အား PDF များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Video)
(ရွာရှည်ရွာအား ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်အား PDF များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Video)

▪️PDFနှင့်တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိ

အောင်ဇေယျ/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် တိုက်ပွဲပြန် PDF ရဲဘော်များအား ကြိုဆိုခဲ့သည့် ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးဝင်ရှို့ပြီး ရွာသား လေးဦးအား သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

မေလ ၉ရက်က မြင်းခြံမြို့နယ်၊ ဆုံရွာတိုက်ပွဲမှပြန်လာသော PDF ရဲဘော်များအား ပြည်သူများက ကြိုဆိုနေသည့်ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါ ကျေးရွာသည် မြင်းခြံမြို့နယ်၊ ရွာရှည်ရွာဟု စစ်ကောင်စီတပ်က သတင်းရပြီးနောက် မေလ ၁၃ ရက်နှင့် ၁၄ ရက်က နှစ်ရက်ဆက်တိုက် ဝင်ရောက်ပြီး ရွာလုံးကျွတ်မီးရှို့၍ ရွာသားလေးဦးအား သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(ရွာရှည်ရွာအား ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်အား PDF များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Video)
(ရွာရှည်ရွာအား ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်အား PDF များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Video)

“သက်ကြီးရွယ်အိုတွေမို့ ဘာမှမလုပ်ပါဘူးထင်ပြီး ရွာထဲကျန်နေခဲ့တဲ့ အဖိုး၊အဖွား လေးဦး စခများမှ သတ်ခဲ့တယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

“သူတို့ကတော့ သိတဲ့အတိုင်းပဲ PDFကို ငြှိုးတာ။ PDF ကိုထောက်ခံတာ ရန်သူပဲလေ။ အဲဒါကြောင့်မို့ အခုလိုလုပ်တာလို့ မြင်ပါတယ်။”ဟု Myingyan Black Tiger(MBT)တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် အင်အား ၂၀၀ခန့်ပါရှိပြီး ကျေးရွာမီးရှို့စဥ် ဒေသတွင်း PDF များကလည်း ခုခံတိုက်ခိုက်ခဲ့ရာ စတင်ဝင်ရောက်သည့် မေလ ၁၃ရက် နံနက်ပိုင်းက ထိခိုက်မှုများ၍ ဆုတ်ခွာသွားခဲ့ကြောင်း ဒေသတွင်း PDFများက ပြောသည်။

(ရွာရှည်ရွာအား ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်အား PDF များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Video)
(ရွာရှည်ရွာအား ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်အား PDF များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Video)

ထို့အပြင် မေလ ၁၄ ရက် နံနက် ၆ နာရီခန့်တွင် စစ်ကောင်စီတပ်က နောက်တစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရေကြောင်းနှင့် ဒရုန်းများဖြင့်ပါ ပစ်ကူတိုက်ခိုက်ခဲ့၍ မဟာမိတ်တပ်ဖွဲ့များ ဆုတ်ခွာခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။

နှစ်ရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူမှုများပြီး PDFရဲဘော် ၁၅ဦးခန့်လည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ဆီမီးခုံမြို့မှ စစ်ကောင်စီတပ်နှင့်ရဲများ၊ ဆုံရွာမှပျူစောထီး ၂၀၊ မန္တလေးနှင့် မိတ္ထီလာတပ်မှ စစ်ကောင်စီတပ်သားများ ပါဝင်ကြောင်း ဒေသတွင်း PDF များထံမှ သိရသည်။

ယနေ့ (မေလ ၁၅ရက်)မွန်းလွဲပိုင်းကလည်း ရွာရှည်ရွာကို စစ်ကောင်င်္စတပ်က ထပ်မံဝင်ရောက်ပြီး ဘုန်းကြီးကျောင်းများအား မီးရှို့နေသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။