Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအတွက် အထောက်အပံ့တွေ မှန်သမျှကို တားဆီးပေးဖို့ ဂျပန်အစိုးရကို HRW တောင်းဆို

၂၀၂၁ ခုနှစ်၊ မတ်လတုန်းက Myanmar Now သတင်းဌာနက MECပိုင် သံမဏိ လုပ်ငန်းတစ်ခုဟာ ဂျပန်ရဲ့ ပဲခူးမြစ်ကူးတံတား တည်ဆောက်မှု စီမံကိန်းအတွက် သံမဏိတွေ ထောက်ပံ့ရာက အကျိုးအမြတ် တော်တော်လေး ရရှိခဲ့တဲ့အကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

(Yokogawa Bridge ​ကော်ပို​ရေးရှင်း၏ ပဲခူးမြစ်ကူးတံတား​ဆောက်လုပ်​ရေးလုပ်ငန်းခွင်။ ဓါတ်ပုံ-Yokogawa Bridge Myanmar)
(Yokogawa Bridge ​ကော်ပို​ရေးရှင်း၏ ပဲခူးမြစ်ကူးတံတား​ဆောက်လုပ်​ရေးလုပ်ငန်းခွင်။ ဓါတ်ပုံ-Yokogawa Bridge Myanmar)

People’s Spring

ဂျပန် အစိုးရက မြန်မာနိုင်ငံဆီ ပို့ဆောင်တဲ့ ထောက်ပံ့ရေး အစီအစဉ်တွေဟာ အာဏာသိမ်း စစ်ကောင်စီအတွက် အကျိုးရှိနေဆဲလို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က သတိပေး ပြောကြားလိုက်ပါတယ်။

ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သူ့အစိုးရဟာ မြန်မာနိုင်ငံဆီ အထောက်အပံ့တွေ ပေးပို့ရာမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ တလွဲအသုံးချမှုတွေ မခံရအောင် သတိကြီးကြီး စီမံ ကိုင်တွယ်သွားမယ်လို့ ဖေဖော်ဝါရီလတုန်းက ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတဲ့ ဂျပန် ဆောက်လုပ်ရေး လုပ်ငန်းစုကြီး Yokogawa Bridge ကော်ပိုရေးရှင်းဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)ဆီ နောက်ထပ် ငွေကြေး ပေးချေမှုတွေ လုပ်ဆောင်သွားမယ် ဆိုတာကို အခုသီတင်းပတ်မှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လတုန်းက Myanmar Now သတင်းဌာနက MECပိုင် သံမဏိ လုပ်ငန်းတစ်ခုဟာ ဂျပန်ရဲ့ ပဲခူးမြစ်ကူးတံတား တည်ဆောက်မှု စီမံကိန်းအတွက် သံမဏိတွေ ထောက်ပံ့ရာက အကျိုးအမြတ် တော်တော်လေး ရရှိခဲ့တဲ့အကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

HRWက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလထိ အတောအတွင်း ရရှိထားတဲ့ ငွေကြေး အလွှဲအပြောင်း မှတ်တမ်းတွေအရ Yokogawa Bridgeဟာ အဲဒီ ပရောဂျက်နဲ့ ဆက်စပ်ပြီး MECအတွက် ဒေါ်လာ ၂ သန်းလောက် ပေးချေခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။ စစ်တပ်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားတဲ့ အမေရိကန် အစိုးရကလည်း အဲဒီ ငွေကြေးလွှဲပြောင်းမှုတွေကို ချွင်းချက်အဖြစ် လက်ခံပေးခဲ့ပါတယ်။

ဂျပန်ရဲ့ လွှတ်တော် အစည်းအဝေး တစ်ခုမှာတော့ အတိုက်အခံ အမတ်တစ်ဦးက မေးမြန်းချိန်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဗျူရို အရာရှိ ဟီဒါကီ ကာဆူကာဘီက Yokogawa Bridgeဟာ MECဆီကို နောက်ထပ် ငွေကြေး ပေးချေရမယ့် ကိစ္စတွေ ရှိသေးတယ်လို့ အတည်ပြု ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လောက် ထပ်ပေးရမယ် ဆိုတာနဲ့ ဘယ်အချိန်ကာလအတွင်း လွှဲပေးရမလဲ ဆိုတာတွေကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။

MECဟာ စစ်တပ်ကို အထောက်အပံ့ ဖြစ်စေမယ့် ငွေကြေးတွေကို ကုန်ထုတ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်းတွေကနေ အလုံးအရင်း ရှာဖွေပေးနေဆဲ ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂ၊ ကနေဒါ၊ ဩစတြေးလျတို့ဟာ MECနဲ့ မြန်မာစစ်တပ်ပိုင် တခြား စီးပွားရေး လုပ်ငန်းစုတွေကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ်ထားပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်ပြီး ကတည်းက မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာခဲ့သလို နိုင်ငံကိုလည်း ပြည်တွင်းစစ်နွံထဲ ဆွဲချခဲ့ပါတယ်။ HRWက ဂျပန် ဝန်ကြီးချုပ် ကီရှီဒါ အနေနဲ့ သူ့ရဲ့ စကားအပေါ် အပြည့်အဝ တာဝန်ယူပြီး MECအတွက် ဂျပန်က နောက်ထပ် ငွေကြေးပေးချေမှုတွေကို ဆိုင်းငံ့ဖို့၊ လူသားချင်း စာနာမှုကဏ္ဍ မဟုတ်တဲ့ တခြား အထောက်အပံ့ မှန်သမျှ စစ်ကောင်စီဆီ မရောက်​အောင် တားဆီးဖို့၊ စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေအပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

ကိုးကား- HRW

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။