Connect with us

Hi, what are you looking for?

သတင်း

ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီက မတရားဖမ်းဆီး ပေါ်တာဆွဲနေ

စစ်ကောင်စီက စစ်မှု ထမ်းဥပဒေအရဟုဆိုကာ တပ်သားသစ်စု ဆောင်းခဲ့ရာ ပထမအသုတ်အနေဖြင့် နိုင်ငံတစ်ဝှမ်းလူငယ် ၁၀,၀၀၀ ကျော်ခေါ်ယူပြီးဖြစ်ကာ အချို့မှာ သင်တန်းဆင်းပြီးနောက် ရှေ့ တန်းသို့ပို့ခံရ၍ စစ်မြေပြင်၌ သေဆုံးမှုများလည်း ရှိနေသည်။

(နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၌ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)အဖြစ် ဆင့်ခေါ်ခံရသည့်လူငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)
(နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၌ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)အဖြစ် ဆင့်ခေါ်ခံရသည့်လူငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ဆေးရေးများလုပ်ဆောင်၍ ပြည်သူများအား မတရားဖမ်းဆီးကာ ပေါ်တာဆွဲနေကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၂၈ ရက်နှင့် ၂၉ ရက်တွင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နှင့် ညောင်ခြေထောက်ကျေးရွာကြား ပြည်‌-တောင်ကုတ်လမ်းပိုင်း၌ ခရီးသွားပြည်သူများကို တားဆီးစစ်ဆေးကာ ဖမ်းဆီးမှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ညောင်ခြေထောက်ဆိုတဲ့ ရွာကိုဝင်ပြီး ဖမ်းတာပါ။ မြို့ထဲက ဂိတ်တွေ၊ လမ်းဆုံ​နေရာတွေမှာလည်း ဆွဲပါတယ်။ ည ၉ နာရီကျော် လူငယ်တွေအပြင်မှာတွေ့ရင်လည်း ဆွဲပါတယ်။ အရေအတွက်ကတော့ ၁၀၀ဝန်းကျင် ရှိနေပါပြီ ဆွဲတာက”ဟု ပန်းတောင်းဒေသခံပြည်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဖမ်းဆီးထားသူများကို ဥသျှစ်ပင်မြို့ တံတားထိပ်ရှိ ဘိုရုံ(ယခင်လမ်းလုပ်ငန်း ယန္တယားရုံဟောင်း)အတွင်းသို့ ခေါ်ဆောင် သွားပြီး မေလ ၂၈ နှင့် ၂၉ရက် နှစ်ရက်အတွင်း လူဦးရေမည်မျှ ဖမ်းဆီးခံလိုက်ရသည်ဆိုခြင်းကို အတိအကျ မသိရသေးပေ။

“ပန်းတောင်းမြို့နယ်လောက် စစ်တပ်ပေါတာ ပန်းတောင်းမြို့နယ်ပဲ ရှိတယ်။ ကပစ တပ်တွေအများစုက ပန်းတောင်းမြို့နယ်ထဲမှာပဲ ရှိတာဗျ”ဟု ဒေသတွင်း စစ်ကောင်စီတပ်အထိုင်ချ ထားသည့်အခြေအနေကို ဒေသခံပြည်သူနောက်တစ်ဦးက ပြောသည်။ထိုကဲ့သို့ မတရားစစ်ဆေးဖမ်းဆီးမှုမှာ စစ်မှူထမ်းရန်အတွက် လူစုဆောင်းခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။

စစ်ကောင်စီတပ် အသက်သွင်းလျှက်ရှိသော ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုကြေညာသည့် ဖေဖော်ဝါရီပြီးနောက် အတင်းအဓမ္မစစ်ထမ်းရန် တပ်သားသစ်စုဆောင်းခြင်းများကြောင့် လူငယ်အများအပြား ပြည်ပထွက်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ဝင်ရောက်ခြင်းများဖြစ်ပေါ်လျှက်ရှိသည်။

“ကျနော်တို့ဆီတော့ တဖြည်းဖြည်း ရောက်နေပါတယ်။ အသုတ်ကတော့ ဘယ်လိုပြောရမလဲ မသိဘူးရယ်”ဟု စစ်မှုမထမ်းလို၍ လူငယ်များ တော်လှန်ရေးတပ်ဖွဲ့သို့ဝင်ရောက်လာကြသည်ကို ပန်းတောင်းမြို့နယ်အတွင်း စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်နေသည့် တပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရဟုဆိုကာ တပ်သားသစ်စု ဆောင်းခဲ့ရာ ပထမအသုတ်အနေဖြင့် နိုင်ငံတစ်ဝှမ်းလူငယ် ၁၀,၀၀၀ ကျော်ခေါ်ယူပြီးဖြစ်ကာ အချို့မှာ သင်တန်းဆင်းပြီးနောက် ရှေ့ တန်းသို့ပို့ခံရ၍ စစ်မြေပြင်၌ သေဆုံးမှုများလည်း ရှိနေသည်။

ပန်းတောင်းမြို့နယ်အတွင်း ပြည်သူများအ မတရားဖမ်းဆီး၍ ပေါ်တာဆွဲနေသည့်ဖြစ်စဥ်ကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်များဖြစ်သော ဖေ့စ် ဘွတ်ခ်၊ တယ်လီဂရမ်စသည့် လူမှုကွန်ရက်များ၌ ပြန်လည်ဖြေရှင်းရာတွင် ပေါ်တာဆွဲခြင်းမဟုတ်ဘဲ ဥပဒေနှင့်အညီလုပ် ဆောင်ခြင်းသာဖြစ်ကြောင်း ရေးသားဖော်ပြကြသည်ကို တွေ့ရသည်။

(နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၌ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)အဖြစ် ဆင့်ခေါ်ခံရသည့်လူငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – စကစ)

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။