Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ် ကျေးရွာနှစ်ရွာကို စစ်ကောင်စီလေကြောင်း ထပ်မံတိုက်ခိုက်

ပျဉ်းကိုင်းရွာကို ယနေ့(ဇွန်လ ၆ရက်) နံနက်က လေကြောင်းမှပစ်ခတ်ခြင်းဖြစ်ပြီး သာစည်ရွာကို နေ့လည်၁၂နာရီခန့်တွင် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်သည်။

(ဇွန်လ ၃ရက်က မင်းကင်းမြို့နယ် ၊ မတောကျေးရွာမှ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဇွန်လ ၃ရက်က မင်းကင်းမြို့နယ် ၊ မတောကျေးရွာမှ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အညာသား/People’s Spring

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ ကျေးရွာနှစ် ရွာကို စစ်ကောင်စီက လေကြောင်းမှထပ်မံတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

ဇွန်လ ၄ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပျဉ်းကိုင်းရွာနှင့် သာစည်ကျေးရွာကို ယနေ့ (ဇွန်လ ၆ရက်)တွင် ဗုံးခုနစ်လုံးကြဲချ တိုက်ခိုက် သွားခြင်းဟု မြေပြင် သတင်းရင်းမြစ်များက ပြောသည်။

” လူတစ်ယောက် ဒဏ်ရာရတယ်။ ဒေသခံတွေကတော့ကြောက်တော့ တောင်ယာတွေထဲမှာသွားနေကြရတယ်။ ရွာထဲမှာမနေရဲကြဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပျဉ်းကိုင်းရွာကို ယနေ့(ဇွန်လ ၆ရက်) နံနက်က လေကြောင်းမှပစ်ခတ်ခြင်းဖြစ်ပြီး သာစည်ရွာကို နေ့လည်၁၂နာရီခန့်တွင် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် မင်းကင်းမြို့နယ်၌ နေရာသုံးနေရာကို လေးရက်အတွင်း လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်။

ဇွန်လ ၃ရက်နံနက် ၈ နာရီခွဲခန့်က မင်းကင်းမြို့နယ် ၊ မတောကျေးရွာမှ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၇ဦးအပါအဝင် ၃၀ခန့် သေဆုံးခဲ့သည်။

ထို့ပြင်အတည်မပြုနိုင်သောသတင်းများအရ မင်းကင်းမြို့နယ်မှာ နေရာက်ိုးခုကို လေကြောင်းမှ တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေ၍ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု ဒေသခံများကပြောသည်။

“စစ်တပ်က အရပ်သားကို ပစ်မှတ်ထားပြီးသတ်ဖြတ်နေတာတွေ ရပ်အောင်လုပ်ပေးပါ။ မြို့မှာက သတင်းအမျိုးမျိုးနဲ့ အရမ်းကြောက်နေရတယ်။ လေယာဉ်သံကိုမကြားရဲဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများလုံခြုံရေးသတိပြုကြရန်၊ ဗုံးခိုကျင်းများ၌ နေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

စစ်ကောင်စီက ပြည်သူလူထုကို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်နေမှုများအား ပိတ်ဆို့ဒဏ်ခတ်အရေးယူရုံ၊ စွပ်စွဲပြစ်တင်ရှုံ့ချရုံမျှဖြင့် မလုံလောက်တော့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတကာကို သတိပေးတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။