Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ မြန်မာပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသား ရပ်ခံကြရန် NUG ယာယီသမ္မတတိုက်တွန်း

တော်လှန်ရေးအင်အားစုအချင်းချင်း ရိုင်းပင်းပူးပေါင်းမှုကို ဆက်လက်မြှင့်တင်ရန် လိုအပ်သကဲ့သို့ ပြည်ပနိုင်ငံများ၏ အထောက်အပံ့ အကူအညီများကိုလည်း ကြိုးစားရယူရန် ဝိုင်းဝန်းကြိုးစား အားထုတ်နေရမည်ဟု ဆက်ပြောသည်။

နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ မြန်မာပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသား ရပ်ခံကြရန် NUG ယာယီသမ္မတတိုက်တွန်း
နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ မြန်မာပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသား ရပ်ခံကြရန် NUG ယာယီသမ္မတတိုက်တွန်း

▪️တော်လှန်ရေးအင်အားစုအချင်းချင်း ရိုင်းပင်းပူးပေါင်းမှုကို ဆက်လက်မြှင့်တင်ရန် လိုအပ်ဟုဆို

ထားအိ/People’s Spring

နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသား ရပ်ခံကြရန် အထူးလိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။

ယနေ့(ဇွန်လ ၄ရက်)ကျင်းပသော NUG အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက စစ်ရေးအရ ရှုံးနိမ့်နေသည့် အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပစ်မှတ်နှင့် စစ်ရေးပစ်မှတ်ကို ထပ်တူချကာ လုပ်ဆောင်နေသည့်ကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အိမ်နီးချင်းနိုင်ငံများ သိနားလည်အောင် တွန်းတွန်းတိုက်တိုက် အသိပေးကြရန် အစိုးရအဖွဲ့ဝင်များကို ပြောကြားသည်။

နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ မြန်မာပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသား ရပ်ခံကြရန် NUG ယာယီသမ္မတတိုက်တွန်း
နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ မြန်မာပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသား ရပ်ခံကြရန် NUG ယာယီသမ္မတတိုက်တွန်း

“အခုအခြေအနေမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်သားနဲ့ စစ်ရေးပစ်မှတ်ကို ရောထွေးပြီး အရပ်သားပြည်သူလူထုတွေကို အလုံးအရင်းသတ်ဖြတ်နေတဲ့ ကိစ္စဟာ အင်မတန်မှ ရက်စက်ကြမ်းကြုတ် ယုတ်ညံ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အခုအခြေအနေဟာ စစ်ကောင်စီကို အသက်ရှုပေါက် ကျပ်စေရုံလောက်ပဲ တတ်နိုင်တဲ့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်တာလောက်နဲ့ တင်းတိမ်နေရမယ့် ကိစ္စမဟုတ်သလို၊ စွတ်စွဲပြစ်တင် ရှုံ့ချရုံလောက်နဲ့လည်း လုံလောက်တဲ့ကိစ္စ မဟုတ်တော့ပါဘူး” ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

အထူးသဖြင့် ယခုရက်ပိုင်းအတွင်း ရက္ခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်များ၌ အရပ်သားပြည်သူလူထုကို စစ်ကောင်စီ၏ လက်အောက်ခံတပ်များက အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်နေမှုများနှင့် အရပ်သားများကို လေကြောင်းမှ နေ့စဥ်ဗုံးကြဲ သတ်ဖြတ်နေမှုများမှာ အင်မတန်မှ ယုတ်ညံ့လွန်းကြောင်း ယာယီသမ္မတက ပြစ်တင်ရှုတ်ချသည်။ မေလ ၂၉ ရက်တွင် အကြမ်းဖက်စစ်တပ်က ရက္ခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာရှိ ဒေသခံရွာသား(၅၁)ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့ခြင်း ယာယီသမ္မတက ဥပမာပေးသည်။

အာရက္ခတပ်တော်(AA)၏ ယနေ့ ထုတ်ပြန်ချက်အရ ဗျိုင်းဖြူရွာတွင် စစ်အုပ်စုက အရပ်သားပြည်သူ အစုလိုက်၊အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်မှုကျူးလွန်ခဲ့ရာ သေဆုံးသူ ၇၆ဦးအထိရှိလာကြောင်း အသိပေးသည်။ စစ်ကောင်စီတပ်သည် ယမန်နေ့(ဇွန်လ ၃ ရက်)တွင် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မ​တောရွာ မင်္ဂလာဆောင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၅၀ နီးပါးရှိကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

အလားတူ မကွေးတိုင်း မြိုင်မြို့နယ် ကံမြင့်ကုန်းကျေးရွာကို စစ်​ကောင်စီတပ်က ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် အမျိုးသမီးလေးဦး သေဆုံးကာ ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ကနဦးသိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက ခုခံတော်လှန်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်ရာတွင် လူသားဆန်စွာ စစ်ရေးကျင့်ဝတ်များကို လေးစားလိုက်နာပြီး ရှေ့တိုး လုပ်ဆောင်နေသော်လည်း စစ်ကောင်စီကမူ စစ်ရေးကျင့်ဝတ်ကို လုံးဝမလိုက်နာကြောင်း ယာယီသမ္မတက ပြောသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုအချင်းချင်း ရိုင်းပင်းပူးပေါင်းမှုကို ဆက်လက်မြှင့်တင်ရန် လိုအပ်သကဲ့သို့ ပြည်ပနိုင်ငံများ၏ အထောက်အပံ့ အကူအညီများကိုလည်း ကြိုးစားရယူရန် ဝိုင်းဝန်းကြိုးစား အားထုတ်နေရမည်ဟု ဆက်ပြောသည်။

“ကုလသမဂ္ဂအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ အနေနဲ့လည်း ပြည်သူလူထုရဲ့ ဘေးဒုက္ခကို ခြေခြေမြစ်မြစ် နားလည်သဘောပေါက်ပြီး ထိထိရောက်ရောက် ဖြစ်အောင် ကူညီလုပ်ဆောင်နေမယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေးကိစ္စရပ်တွေဟာ လက်ရှိ တည်ဆဲအခြေအနေထက် ပိုပြီး လက်တွေ့ကျကျ ဖြစ်စေဖို့လည်း ကျွန်တော်တို့က အလေးအနက်ထားတိုက်တွန်းဖို့ လိုပါတယ်” ဟု ယာယီသမ္မတက ဆိုသည်။

အကြမ်းဖက်စစ်တပ်၏ နှိပ်စက်မှုမျိုးစုံကို မြန်မာပြည်သူများက အစွမ်းကုန် ခုခံကာကွယ်နေသကဲ့သို့ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို ဟန့်တားနိုင်သည့် လုပ်ဆောင်ချက်များ အလျင်အမြန် လုပ်ဆောင်ရန် လိုအပ်ကြောင်း ယာယီသမ္မတက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။