Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ် ကျေးရွာနှစ်ရွာကို စစ်ကောင်စီလေကြောင်း ထပ်မံတိုက်ခိုက်

ပျဉ်းကိုင်းရွာကို ယနေ့(ဇွန်လ ၆ရက်) နံနက်က လေကြောင်းမှပစ်ခတ်ခြင်းဖြစ်ပြီး သာစည်ရွာကို နေ့လည်၁၂နာရီခန့်တွင် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်သည်။

(ဇွန်လ ၃ရက်က မင်းကင်းမြို့နယ် ၊ မတောကျေးရွာမှ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဇွန်လ ၃ရက်က မင်းကင်းမြို့နယ် ၊ မတောကျေးရွာမှ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အညာသား/People’s Spring

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ ကျေးရွာနှစ် ရွာကို စစ်ကောင်စီက လေကြောင်းမှထပ်မံတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

ဇွန်လ ၄ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပျဉ်းကိုင်းရွာနှင့် သာစည်ကျေးရွာကို ယနေ့ (ဇွန်လ ၆ရက်)တွင် ဗုံးခုနစ်လုံးကြဲချ တိုက်ခိုက် သွားခြင်းဟု မြေပြင် သတင်းရင်းမြစ်များက ပြောသည်။

” လူတစ်ယောက် ဒဏ်ရာရတယ်။ ဒေသခံတွေကတော့ကြောက်တော့ တောင်ယာတွေထဲမှာသွားနေကြရတယ်။ ရွာထဲမှာမနေရဲကြဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပျဉ်းကိုင်းရွာကို ယနေ့(ဇွန်လ ၆ရက်) နံနက်က လေကြောင်းမှပစ်ခတ်ခြင်းဖြစ်ပြီး သာစည်ရွာကို နေ့လည်၁၂နာရီခန့်တွင် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် မင်းကင်းမြို့နယ်၌ နေရာသုံးနေရာကို လေးရက်အတွင်း လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်။

ဇွန်လ ၃ရက်နံနက် ၈ နာရီခွဲခန့်က မင်းကင်းမြို့နယ် ၊ မတောကျေးရွာမှ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၇ဦးအပါအဝင် ၃၀ခန့် သေဆုံးခဲ့သည်။

ထို့ပြင်အတည်မပြုနိုင်သောသတင်းများအရ မင်းကင်းမြို့နယ်မှာ နေရာက်ိုးခုကို လေကြောင်းမှ တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေ၍ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု ဒေသခံများကပြောသည်။

“စစ်တပ်က အရပ်သားကို ပစ်မှတ်ထားပြီးသတ်ဖြတ်နေတာတွေ ရပ်အောင်လုပ်ပေးပါ။ မြို့မှာက သတင်းအမျိုးမျိုးနဲ့ အရမ်းကြောက်နေရတယ်။ လေယာဉ်သံကိုမကြားရဲဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများလုံခြုံရေးသတိပြုကြရန်၊ ဗုံးခိုကျင်းများ၌ နေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

စစ်ကောင်စီက ပြည်သူလူထုကို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်နေမှုများအား ပိတ်ဆို့ဒဏ်ခတ်အရေးယူရုံ၊ စွပ်စွဲပြစ်တင်ရှုံ့ချရုံမျှဖြင့် မလုံလောက်တော့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတကာကို သတိပေးတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။