Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်၊ ရွှေကူ၊ ခန္တီး နှင့် ဟုမ္မလင်းတွင် လူ ၃၀၀၀၀ ကျော် ရေဘေးကြုံနေ

စစ်ကိုင်းတိုင်း ခန္တီးနှင့် ဟုမ္မလင်းမြို့တို့တွင်လည်း ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမယ့်အထက်၌မြင့်တက်နေပြီး မြေနိမ့်ပိုင်းဒေသများ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသည်။ ယင်းနှစ်မြို့တွင် ရေဘေးသင့်ပြည်သူ ၁၀၀၀၀ခန့်သည်ဟုလူမှုကူညီရေးအသင်းများထံမှသိရသည်။

(ဟုမ္မလင်းမြို့ပေါ်တွင် ရေကြီး​ရေလျှံနေသည်ကို ဇူလိုင် ၄ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဟုမ္မလင်းမြို့ပေါ်တွင် ရေကြီး​ရေလျှံနေသည်ကို ဇူလိုင် ၄ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

မိထက်/People’s Spring

ကချင်ပြည်နယ် ဗန်းမော်၊ ရွှေကူမြို့ နှင့် စစ်ကိုင်းတိုင်းခန္တီး ၊ဟုမ္မလင်းမြို့တို့တွင် ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ရေတက်၍ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပြီး လူ ၃၀၀၀၀ ကျော် အရေးပေါ်ပြောင်းရွှေထားရကြောင်းသတင်းရရှိသည်။

ဗန်းမော်နှင့်ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေသည် ယမန်နေ့(ဇူလိုင်ည ၄ရက်)၌ စိုးရိမ်ရေမတ်အထက်၌ ၄ပေခန့်ရှိနေပြီး မြေနိမ့်ပိုင်းရပ်ကွက်များနှင့်ကျေးရွာများမှ လူဦးရေနှစ်သောင်းခန့်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းထားရသည်ဟု ဒေသခံများကပြောသည်။

စစ်ကိုင်းတိုင်း ခန္တီးနှင့် ဟုမ္မလင်းမြို့တို့တွင်လည်း ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမယ့်အထက်၌မြင့်တက်နေပြီး မြေနိမ့်ပိုင်းဒေသများ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသည်။ ယင်းနှစ်မြို့တွင် ရေဘေးသင့်ပြည်သူ ၁၀၀၀၀ခန့်သည်ဟုလူမှုကူညီရေးအသင်းများထံမှသိရသည်။

Public Service Announcement

Public Service Announcement

“ကချင်ပြည်နယ်မှာကရေဘေးအန္တရာယ်ရှိနေပါသေးတယ်။ မိုးကောင်းဘက်မှာ ရေတက်နေတုန်း လူတစ်ယောက် ဓါတ်လိုက်ပြီးသေဆုံးတာမျိုးရှိတယ်။ မြစ်ကြီးနားတို့ ဝိုင်းမော်တို့မှာလည်း လျှပ်စစ်မီးပျက်တောက်တာတွေ၊စက်သုံးပြတ်လပ်တာတွေရင်ဆိုင်နေရပါတယ်”ဟု ကချင်ပြည်နယ်မှလူမှုကူညီအသင်းလုပ်ဆောင်သူတစ်ဦးကပြောသည်။

ကချင်ပြည်နယ်တွင် ဇွန်လကုန်က နေရာကွက်မိုး​ကောင်းပြီးနောက် ဧရာဝတီမြစ်ရေမြင့်တက်လာကာ မြစ်ကြီးနားမြို့၊ဝိုင်းမော်မြို့၊ဆွမ်ပရာဘွမ်မြို့၊ ချီဖွေမြို့၊ ပန်ဝါမြို့၊ဖားကန့်မြို့တို့တွင်လည်း ရေကြီးနစ်မြုပ်ဖြစ်ပေါ်ခဲ့သည်။ ယခုအခါ အဆိုပါမြို့နယ်များ၌ရေပြန်ကျပြီး အောက်ပိုင်းဒေသကြီးမြို့နယ်များတွင် ရေတိုးနေခြင်းဖြစ်သည်။ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၌ဇူလိုင်လ ၁၀ရက်ခန့်အထိ မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။