Connect with us

Hi, what are you looking for?

သတင်း

ကချင်ပြည်နယ်အပါအဝင် ‌ဒေသအများစု ဇူလိုင် ၁၀ ရက်အထိ့မိုးဆက်ကောင်းနိုင်ကြောင်း MOHADM သတိပေး

စစ်ကိုင်းတိုင်း၊ ကသာမြို့တွင်လည်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အနီးမြင့်တက်လာပြီး မြေနိမ့်ပိုင်းများရေဝင်နေကြောင်း ဒေသခံများထံမှသိရသည်။

(မြစ်ကြီးနားနှင့် ဝိုင်း​မော်​နေရာအချို့ ကို ယ​နေ့ (ဇူလိုင် ၂) မနက်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(မြစ်ကြီးနားနှင့် ဝိုင်း​မော်​နေရာအချို့ ကို ယ​နေ့ (ဇူလိုင် ၂) မနက်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎မြစ်ကြီးနား နှင့် ဝိုင်းမော်ရေနည်းငယ်ပြန်ကျ

မိထက်/People’s Spring

လက်ရှိရေဘေးကြုံနေသည့် ကချင်ပြည်နယ်တွင် ဇူလိုင်လ ၁၀ရက်အထိ ပုံမှန်ထက်မိုးများနိုင်ကြောင်းMOHADMက ယနေ့ သတိပေးချက် ထပ်မံထုတ်ပြန်လာပြီး မြန်မာနိုင်ငံဒေသအများစု၌ ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြရန်တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က ဇူလိုင်လ ၁ရက်မှ ဇွန်လ ၇ရက်အထိ မိုးလေဝသသတိပေးချက်ကို ယမန်နေ့က ထုတ်ပြန်ပြီးနောက် ယနေ့တွင် ဇူလိုင်လ ၁၀ရက်အထိ သတိပေးချက်ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

(မြစ်ကြီးနားနှင့် ဝိုင်း​မော်​နေရာအချို့ ကို ယ​နေ့ (ဇူလိုင် ၂) မနက်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(မြစ်ကြီးနားနှင့် ဝိုင်း​မော်​နေရာအချို့ ကို ယ​နေ့ (ဇူလိုင် ၂) မနက်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ထိုကာလအတွင်း ကချင်ပြည်နယ်တွင် မိုးအများဆုံးရွာသွန်းနိုင်ကြောင်း နှင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း နှင့် မကွေးတိုင်းတို့တွင်လည်း နေရာကွက်၍မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဇူလိုင်လ (၄)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ နေရာအချို့နှင့် ဇူလိုင်လ (၇)ရက်နေ့နှင့် (၈)ရက်နေ့များတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းတို့ရှိအချို့နေရာများတွင် တနေ့တာအတွင်းမိုးရေချိန်စုစုပေါင်း ၂ လက်မမှ ၄ လက်မအထိ ရွာသွန်းနိုင်သည်ဟုဆိုသည်။

ဇူလိုင်လ (၉)ရက်နှင့် (၁၀)ရက်နေ့များတွင် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တနေ့တာအတွင်း မိုးရေချိန်စုစုပေါင်း ၂ လက်မခန့် ရွာသွန်းနိုင်သည်ဟု သတိပေးထားသည်။

(မြစ်ကြီးနားနှင့် ဝိုင်း​မော်​နေရာအချို့ ကို ယ​နေ့ (ဇူလိုင် ၂) မနက်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(မြစ်ကြီးနားနှင့် ဝိုင်း​မော်​နေရာအချို့ ကို ယ​နေ့ (ဇူလိုင် ၂) မနက်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

တနေ့တာအတွင်း မိုးရေချိန်၃လက်မရွာသွန်းပါက ရေကြီးနစ်မြုပ်မှုဖြစ်‌ စေသည့်အနေအထားဟု သတ်မှတ်ထားသည်။

လက်ရှိတွင် ကချင်ပြည်နယ်မှ မြစ်ကြီးနားမြို့၊ဝိုင်းမော်မြို့၊ ဆွမ်ပရာဘွမ်မြို့၊ ချီဖွေမြို့၊ ပန်ဝါမြို့၊ဖားကန့်မြို့တို့တွင် ရေကြီးနစ်မြုပ်ဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူထောင်ချီရှိနေသည်။ ဗန်းမော်မြို့၊ ‌ရွှေကူမြို့တို့တွင်လည်း ဧရာဝတီမြစ်ရေမြင့်တက်လာသည်ဟု ဒေသခံများကပြောသည်။

သို့​သော် မြစ်ကြီးနားမြို့တွင် ရေနည်းငယ်ပြန်ကျသော်လည်း စိုးရိမ်ရေမှတ်အထက်၌ ၄ ပေကျော်ရှိနေဆဲဟုဒေသခံများကပြောသည်။ ဝိုင်းမော်မြို့တွင်လည်း ရေပြန်ကျ​ကြောင်းဒေသခံများကပြောသည်။

(မြစ်ကြီးနားနှင့် ဝိုင်း​မော်​နေရာအချို့ ကို ယ​နေ့ (ဇူလိုင် ၂) မနက်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(မြစ်ကြီးနားနှင့် ဝိုင်း​မော်​နေရာအချို့ ကို ယ​နေ့ (ဇူလိုင် ၂) မနက်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ကသာမြို့တွင်လည်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အနီးမြင့်တက်လာပြီး မြေနိမ့်ပိုင်းများရေဝင်နေကြောင်း ဒေသခံများထံမှသိရသည်။ ခန္တီးနှင့် ဖောင်းပြင်မြို့တွင်လည်း ချင်းတွင်းမြစ် ရေစိုးရိမ်ရေမှတ်အနီးရောက်ရှိနေသည်။

ဇူလိုင်လပထမ (၁၀)ရက်အတွင်း မြန်မာနိုင်ငံနေရာအနှံ့အပြားမိုးရွာသွန်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် မိုးများခြင်းကြောင့် မြို့ပြရေကြီးခြင်းများ၊ မြေပြိုကမ်းပြိုခြင်းများ၊ လျှပ်တပျက်ရေကြီးခြင်း၊ ကားလမ်းရထားလမ်းများရေကျော်ခြင်း၊ ရေကာတာနှင့်ဆည်များ ရေတိုးခြင်းနှင့် ရေပိုလွှဲမှရေထုတ်လွှတ်ရခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် မြေနိမ့်ဒေသများနှင့် မိုးတွင်းကာလတွင် ရေဝင်ရောက်လေ့ရှိသည့်နေရာဒေသများ၌ နေထိုင်သည့် ဒေသခံပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြပါရန် နှင့် လိုအပ်ပါက အချိန်မီရှောင်ရှားနိုင်ပါရန် MOHADMက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေ၊ ရိက္ခာတွေ တင်ဆောင်တာ လုံး၀ မပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)-ပူတာအိုက ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလောမှာ ကချင်ပြည်နယ်နေရာအနှံ့ကို စစ်အင်အားတိုးပြီး စစ်ရေးလှုပ်ရှားဖို့ ပြင်ဆင်နေသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များ နေရာယူထားတဲ့ ဘက်တွေမှာလည်း ဒရုန်းဗုံး​တွေနဲ့ တိုက်ခိုက် မှုတွေ လုပ်နေတယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားတွေဖြည့်တင်းနေသလို ပြည်နယ်နေရာအများအပြားကို စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Facebook