Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်ကိုဖယ်ရှားရန်တရုတ်က ဦးသိန်းစိန်ကို​ဖျောင့်ဖျခိုင်းဟုCNA ​ဖော်ပြ

အဆိုပါခရီးစဉ်သည် စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ ရာထူးအမြင့်ဆုံး သွားရောက်မှုလည်း ဖြစ်သည်။

(သမ္မတ​ဟောင်းဦးသိန်းစိန်၏ တရုတ်ခရီးစဥ်တွင် တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိနှင့်​တွေ့ဆုံစဥ်/ အာဏာသိမ်းဒု​ခေါင်း​ဆောင်ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုတရုတ်ခရီးစဥ်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-ဆင်ဟွာ ၊​အေအက်ဖ်ပီ)

▪︎မင်းအောင်လှိုင်ကို ဖယ်ရှားပြီး ဦးသိန်းစိန် ခေါင်းဆောင်သည့် ကြားကာလအစိုးရဖွဲ့စည်းရန် တရုတ်က လိုလားနေသည်မှာ နှစ်ချီ ကြာမြင့်နေပြီ ဖြစ်ပြီး မင်းအောင်လှိုင်က လက်မခံ၍ အကောင်အထည်မပေါ်မလာသေးခြင်းဖြစ်​ကြောင်း ​နေပြည်​တော်မှသတင်းရင်းမြစ်​ပြောကြား

သော်မွန်/People’s Spring

မကြာသေးမီက စစ်ဗိုလ်ချုပ်ဟောင်း၊ သမ္မတဟောင်းလည်းဖြစ်သူ ဦးသိန်းစိန်၏ တရုတ်ပြည်ခရီးစဥ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖယ်ရှားရေး တရုတ်က တိုက်တွန်းဆွေးနွေးခဲ့ကြောင်း စင်ကာပူသတင်းဌာန CNA ကဖော်ပြသည်။

အထက်ပါခရီးစဥ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် သမ္မတဟောင်းဦးသိန်းစိန်တို့တွေ့ဆုံရာ၌ အာဏာလွှဲပြောင်းပေးရေးနှင့် ရွေးကောက်ပွဲများကျင်းပနိုင်ရေးအတွက် ကြားကာလအစိုးရဖွဲ့စည်းရေးတို့အတွက် မင်းအောင်လှိုင်ကို ဦးသိန်းစိန်က ဖျောင်းဖျစည်းရုံးရန် ဝမ်ယိက တောင်းဆိုခဲ့ကြောင်း CNA သတင်းဌာနက ယနေ့(ဇူလိုင်လ ၁၀ရက်) ရေးသားဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂ အဖြစ် တအာင်းတပ်မတော်(TNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရှမ်းပြည်မြောက်ပိုင်းမြို့နယ်များနှင့် မန္တလေးတိုင်း မြို့နယ်အချို့ကို ထိုးစစ်ဆင်ကာ စစ်ရေးအောင်မြင်မှုများရှိနေချိန်တွင် စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်းသည် တရုတ်နိုင်ငံသို့ သွားရောက်နေသည်။ အဆိုပါခရီးစဉ်သည် စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ ရာထူးအမြင့်ဆုံး သွားရောက်မှုလည်း ဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် တရုတ်သို့ သွားရောက်ခွင့်မရသေးပေ။

Public Service Announcement

Public Service Announcement

(သမ္မတ​ဟောင်းဦးသိန်းစိန်၏ တရုတ်ခရီးစဥ်တွင် တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိနှင့်​တွေ့ဆုံစဥ်/ အာဏာသိမ်းဒု​ခေါင်း​ဆောင်ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုတရုတ်ခရီးစဥ်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-ဆင်ဟွာ ၊​အေအက်ဖ်ပီ)
(သမ္မတ​ဟောင်းဦးသိန်းစိန်၏ တရုတ်ခရီးစဥ်တွင် တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိနှင့်​တွေ့ဆုံစဥ်/ အာဏာသိမ်းဒု​ခေါင်း​ဆောင်ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုတရုတ်ခရီးစဥ်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-ဆင်ဟွာ ၊​အေအက်ဖ်ပီ)

၂၀၂၁ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖယ်ရှားကာ သမ္မတဟောင်းဦးသိန်းစိန် ခေါင်းဆောင်သည့် ကြားကာလအစိုးရဖွဲ့စည်းရန် တရုတ်က လိုလားနေသည်မှာ နှစ်နှင့်ချီ ကြာမြင့်နေပြီ ဖြစ်ပြီး တရုတ်၏ အစီအစဥ်ကို မင်းအောင်လှိုင်က လက်မခံ၍ အကောင်အထည်မပေါ်လာခြင်းဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်အချို့က ပြောသည်။ အာဏာရှင်ဟောင်း သန်းရွှေအပါအဝင် အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် အာဏာရှင်လက်သစ်မင်းအောင်လှိုင်အပေါ် သြဇာမညောင်းတော့ဘဲ မင်းအောင်လှိုင်သည် အာဏာရူးကာ တိုင်းပြည်ကို ယခုထက်ပိုမိုဆိုးရွားသည့်အခြေအနေရောက်အောင် ဆွဲခေါ်သွားမည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“လောလောဆယ် ကျွန်တော့်အမြင်က မင်းအောင်လှိုင်က ခေါင်းမာလိမ့်ဦးမယ်။ စစ်ရေးမျှခြေတစ်ခုကို ရောက်ဖို့အချိန်လိုသေးတယ်လို့ ထင်တယ်။ အဲဒါကို မရောက်သေးသရွေ့ သူ့(မင်းအောင်လှိုင်)ဘက်က တင်းခံထားလိမ့်မယ်” ဟု စစ်ရေး၊နိုင်ငံရေးဆောင်းပါးရှင် Otto က မှတ်ချက်ပြုသည်။

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မင်းအောင်လှိုင်၏ စစ်ကောင်စီတပ်နှင့် တိုက်ပွဲကြီးများ ဆက်လက်ဆင်နွှဲကာ မင်းအောင်လှိုင်က စစ်ဌာနချုပ်တစ်ခု (သို့မဟုတ်) နှစ်ခု လက်လွှတ်ဆုံးရှုံးရမှသာ တရုတ်၏ အထက်ပါအစီအစဥ်ကို စဥ်းစားလာနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူ Otto က ပြောသည်။

သို့ရာတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်၏ ချဥ်းကပ်မှုမှာ အကျိုးစီးပွားကို အခြေပြုချဥ်းကပ်မှုသပ်သပ်သာဖြစ်ပြီး အလုပ်ဖြစ်နိုင်ခြေနည်းပါးကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကောင်စီဝင် ဦးတိုးကျော်လှိုင်က သုံးသပ်သည်။

“ဒီအတိုင်းသပ်သပ်ကတော့ အလုပ်မဖြစ်နိုင်ဘူး။ မအလကို သူတို့(တရုတ်က)ကြီးကြီးမားမား အပေးအယူလုပ်ဖို့ လိုကောင်းလိုလိမ့်မယ်” ဟု ၎င်းက ဆက်ပြောသည်။

(သမ္မတ​ဟောင်းဦးသိန်းစိန်၏ တရုတ်ခရီးစဥ်တွင် တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိနှင့်​တွေ့ဆုံစဥ်/ အာဏာသိမ်းဒု​ခေါင်း​ဆောင်ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုတရုတ်ခရီးစဥ်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-ဆင်ဟွာ ၊​အေအက်ဖ်ပီ)
(သမ္မတ​ဟောင်းဦးသိန်းစိန်၏ တရုတ်ခရီးစဥ်တွင် တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိနှင့်​တွေ့ဆုံစဥ်/ အာဏာသိမ်းဒု​ခေါင်း​ဆောင်ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုတရုတ်ခရီးစဥ်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-ဆင်ဟွာ ၊​အေအက်ဖ်ပီ)

တရားမဝင် စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း နိုင်ငံတဝန်း မြို့ပေါင်း ၇၀ ခန့်နှင့် စစ်ကောင်စီတပ်ရင််းများအပါအဝင် တပ်စခန်းပေါင်း ထောင်နှင့်ချီ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မင်းအောင်လှိုင်၏ စစ်တပ်နှင့် စစ်ကောင်စီသည် နိုင်ငံကို တည်ငြိမ်အောင် စွမ်းဆောင်နိုင်စွမ်းမရှိသည်မှာ ထင်ရှားပြီး လတ်တလောတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် ရက္ခိုင်ပြည် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှာလည်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးခြိမ်းခြောက်မှုကို ကြုံတွေ့နေရကြောင်း စစ်ရေးအကဲခတ်များက ဆိုသည်။

အိမ်နီးချင်းအင်အားကြီးတရုတ်နိုင်ငံအနေဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုသာ ဖယ်ရှားလိုပြီး စစ်တပ်ကို ဖယ်ရှားလိုခြင်းမဟုတ်ကြောင်းနှင့် နိုင်ငံကို မည်သူအုပ်ချုပ်သည်ဖြစ်စေ နိုင်ငံ တည်ငြိမ်ကာ ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်ရန်သာ အလိုရှိကြောင်း နိုင်ငံရေးအကဲခတ်များက ရှုမြင်ကြသည်။

လက်တွေ့တွင်လည်း စစ်အာဏာသိမ်းပြီးချိန်ကတည်းက တရုတ်သည် မြန်မာ့အရေးကို ပြည်တွင်းရေးမျှသာဖြစ်သည်ဟု သတ်မှတ်ခဲ့ပြီး ပြည်သူလူထုအများစု ဖျက်သိမ်းထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ထုတ်ပြန်ထားသည်။

“Compromise လုပ်ဖို့။ အားလုံးပါဝင်ပြီး စေ့စပ်ညှိနှိုင်းဖို့လိုပြီဆိုတာမျိုး တရုတ်ကလိုလားတယ်။ ဒါပေမဲ့ မဖြစ်နိုင်သေးပါဘူး” ဟု စစ်ရေး၊နိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုသည်။

ထို့အပြင် တရုတ်သည် ၎င်း၏အကျိုးစီးပွားကာကွယ်ရန်အတွက်သာ သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် ကြားဖြတ်အစိုးရပုံစံ ရည်ရွယ်လုပ်ဆောင်ပါက လူအများဖြစ်စေလိုသည့် နိုင်ငံရေး အပြောင်းအလဲပုံစံမျိုးထက် တရုတ်အကျိုးကို ဦးတည်သည့် အပြောင်းအလဲပုံစံမျိုးသာဖြစ်ပြီး ငြိမ်းချမ်းရေးဆိုသည်နှင့် ဝေးကွာလိမ့်မည်ဟု ဆောင်းပါးရှင် Otto က ပြောသည်။

တရုတ်အနေဖြင့် ‘မီးစတဖက်၊ ရေမှုတ်တဖက်’ မူဝါဒအသုံးပြုပြီး ဖိအားပေးလာမည်ဆိုပါက မြန်မာပြည်အရှေ့မြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် အပြောင်းအလဲကြီးကြီးမားမားကို မျှော်လင့်နိုင်စရာမရှိကြောင်း NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

“တော်လှန်ရေးတစုံလုံးအတွက်ကတော့ တော်လှန်ရေးတစုံလုံးကို အောင်ပွဲခံနိုင်တဲ့အနေအထားအထိတော့ တရုတ်က ကျွန်တော်တို့ဘက်က ဘယ်တော့မှ ရပ်တည်နေမှာမဟုတ်ပါဘူး။ အဲဒီတော့ အပြောင်းအလဲဆိုတာ တရုတ်အကျိုးစီးပွားကို လိုလားတဲ့၊ တရုတ်အကျိုးစီးပွားကို အာမခံနိုင်တဲ့ အပြောင်းအလဲမျိုးကိုပဲ တရုတ်က ဖန်တီးမှာဖြစ်ပြီးတော့ တော်လှန်ရေးတစုံလုံးကို သက်ရောက်စေနိုင်တဲ့အပြောင်းအလဲမျိုးကို ဖန်တီးဖို့မရှိဘူးလို့ပဲ သုံးသပ်ပါတယ်” ဟု ၎င်းက ဆက်​ပြောသည်။

(သမ္မတ​ဟောင်းဦးသိန်းစိန်၏ တရုတ်ခရီးစဥ်တွင် တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိနှင့်​တွေ့ဆုံစဥ်/ အာဏာသိမ်းဒု​ခေါင်း​ဆောင်ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုတရုတ်ခရီးစဥ်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-ဆင်ဟွာ ၊​အေအက်ဖ်ပီ)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။