Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆည်ကျိုးလို့ တရုတ်အလယ်ပိုင်းမှာ ရေကြီး

ရေတွေက လူနေကျေးရွာတွေထဲထိ ရောက်လာတာကြောင့် ဒေသခံတွေ ခေါင်မိုးပေါ်တက်ပြီး ခိုလှုံကြရသလို စိုက်ခင်းတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဆည်ကျိုးလို့ တရုတ်အလယ်ပိုင်းမှာ ရေကြီး
ဆည်ကျိုးလို့ တရုတ်အလယ်ပိုင်းမှာ ရေကြီး

ဆည်ကျိုးပေါက်မှုကြောင့် တရုတ်နိုင်ငံ အလယ်ပိုင်းမှာ ရုတ်တရက် ရေကြီးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

တရုတ်အလယ်ပိုင်း၊ ဟူနန်ပြည်နယ်မှာရှိတဲ့ ဒုံတင် ရေကန်ကြီးနဲ့ ဆက်စပ်နေတဲ့ ဆည်အစိတ်အပိုင်း ရေတားနံရံတွေ ဇူလိုင် ၅ ရက် ညပိုင်းက စတင် ပြိုကျခဲ့တာလို့ ဆိုပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ ရေလွှမ်းဧရိယာတွေမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ အပူတပြင်း ကြိုးစားနေပါတယ်။

လက်ရှိမှာတော့ အနီးတဝိုက်မှာ နေထိုင်သူ အနည်းဆုံး ၆၀၀၀ လောက်ကို ရွှေ့ပြောင်းပေးထားပြီး ထိခိုက်သေဆုံးမှု သတင်းတွေကိုတော့ လောလောဆယ် မရသေးပါဘူး။

ရေတွေက လူနေကျေးရွာတွေထဲထိ ရောက်လာတာကြောင့် ဒေသခံတွေ ခေါင်မိုးပေါ်တက်ပြီး ခိုလှုံကြရသလို စိုက်ခင်းတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ရဲ့ လမ်းပန်းဆက်သွယ်ရေး ထိန်းချုပ်မှု ဌာနက ဟူနန်ပြည်နယ်ထဲက ဟွာရောင်ခရိုင်ဆီ ဆက်သွယ်ထားတဲ့ လမ်းအားလုံးမှာ အသွားအလာ စိစစ်ကန့်သတ်ထားလိုက်ပါတယ်။ လမ်းတွေပေါ်ထိ ရေလွှမ်းနေတဲ့ အခြေအနေတွေကြောင့် အခုလို စီမံတုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့ ဌာနက အကြောင်းပြခဲ့ပါတယ်။

တရုတ်အစိုးရက ကယ်ဆယ်ထောက်ပံ့ရေး အပိုဆောင်း ရန်ပုံငွေ ယွမ်သန်းပေါင်း ၅၄၀ ထပ်မံ ထုတ်ပေးမယ်လို့ ကြေညာခဲ့ပြီး အများစုကို ဟူနန်ရဲ့ ရေဘေးသင့် ဒေသတွေဆီ လွှဲပေးသွားမယ်လို့ သိရပါတယ်။

တရုတ်ဟာ လွန်လွန်ကဲကဲ ပူပြင်းတဲ့ နွေရာသီကို ဖြတ်သန်းနေရပြီး တစ်ချိန်တည်းမှာပဲ နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရေကြီးမှု ပြဿနာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အများဆုံး နိုင်ငံကြီးဟာ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှု ပြဿနာကို အထိခိုက်ဆုံး ခံစားရမယ့် အခြေအနေ ရှိနေပြီး အခုလို လွန်ကဲတဲ့ ရာသီဥတု အခြေအနေတွေကို အနာဂတ်မှာ ပိုမို ကြုံတွေ့လာနိုင်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း ဟူနန်ဟာ တောင်ကျရေတွေကြောင့် ရေကြီးပြီး ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ဖူးသလို တရုတ် တောင်ပိုင်းက ကွမ်တုံဒေသမှာလည်း ရေလွှမ်းမိုးမှုတွေကြောင့် ၃၈ ဦး သေဆုံးခဲ့ပါတယ်။ အခုသီတင်းပတ်ကုန်မှာလည်း ရှန်ဒေါင်း ပြည်နယ်ထဲမှာ လေဆင်နှာမောင်းတစ်ခု မွှေနှောက် တိုက်ခိုက်မှုကြောင့် လူ ၅ ဦးလောက် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။