Connect with us

Hi, what are you looking for?

သတင်း

သိန္နီမြို့လေကြောင်းတိုက်ခိုက်မှုအတွင်း SNLDပါတီ မြို့နယ်တွဲဖက်အတွင်းရေးမှူး ကွယ်လွန်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အား စစ်ကောင်စီလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူများတွင် ရှမ်းတိုင်းရင်းသားများဒီမီုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)၏ သိန္နီမြို့နယ်တွဲဖက်အတွင်းရေးမှူး ဦးစိုင်းထွန်းကြည် ပါဝင်ခဲ့သည်။

သိန္နီမြို့လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည့် SNLDပါတီ မြို့နယ်တွဲဖက်အတွင်းရေးမှူး။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အား စစ်ကောင်စီလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူများတွင် ရှမ်းတိုင်းရင်းသားများဒီမီုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)၏ သိန္နီမြို့နယ်တွဲဖက်အတွင်းရေးမှူး ဦးစိုင်းထွန်းကြည် ပါဝင်ခဲ့သည်။

စစ်ကောင်စီသည် သိန္နီမြို့မဈေးအား ယမန်နေ့(ဇူလိုင် ၁၈ရက်) ည‌နေ ၅နာရီခန့်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကြောင့် ယနေ့(ဇူလိုင် ၁၉ရက်) နံနက်အထိ သေဆုံးသူ ခုနစ်ဦးရှိထားပြီး ၂ဝထက်မနည်း ဒဏ်ရာရရှိထားကြောင်း ဒေသခံအချို့က ပြောသည်။

သေဆုံးသူများတွင် ဦးစိုင်းထွန်းကြည်ပါဝင်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

” ဦးစိုင်းထွန်းကြည်က သူ့ဆိုင်ထဲမှာ ရှိနေတာပါ။ စျေးသူ၊ စျေးသားတွေနဲ့အရပ်သားတွေပဲရှိတဲ့ နေရာကို ဗုံးကြဲသွားတာပါ”ဟု ယင်းဒေသခံက ပြောသည်။

ဦးစိုင်းထွန်းကြည်သည် အသက်(၅၅)နှစ်အရွယ်ရှိပြီး ၎င်း၏ နားရေးအတွက် စီစဉ်နေကြောင်း မြို့ခံအချို့က ပြောသည်။ ပါတီဝင်တစ်ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး SNLDပါတီက သတင်းရေးသားချိန်အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီသည် ယနေ့နံနက်တွင်လည်း သိန္နီမြို့မြို့နေရာအချို့ကို လေကြောင်းမှတိုက်ခိုက်နေကြောင်းသတင်းရရှိသည်။ ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။

SNLDပါတီသည် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲကိုပြန်လည်ကျင်းပမည်ဟုဆိုကာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် မှတ်ပုံပြန်တင်ခိုင်းသည်ကို လက်မခံ၍ပါတီ ဖျက်သိမ်းခံထားရသည်။ ထို့အပြင် စစ်ကောင်စီ ပြုလုပ်မည်ဆိုသည့်ရွေးကောက်ပွဲကို အယုံအကြည်မရှိကြောင်း SNLDပါတီက ထုတ်ပြန်ကြေညာခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းလမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်က ရဲဘော် ၁ဦး ပစ်ခတ်ခဲ့လို့ ယာဉ်မောင်း ၁ဦး ဒဏ်ရာရတဲ့အပေါ် ဒေသခံတွေက ဆန္ဒပြခဲ့သလို ဂိတ်ရှိ တဲအချို့ကိုဖျက်ဆီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) နယ်မြေ ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဩဂုတ် ၁၄ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

Facebook