Connect with us

Hi, what are you looking for?

သတင်း

လားရှိုး – တန့်ယန်းလမ်းခွဲ၌ MNDAA ပစ်ခတ်၍ ယာဉ်မောင်းတစ်ဦး သေဆုံး

လားရှိုး – တန့်ယန်းလမ်းခွဲတွင် ကိုးကန့် တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်က ပစ်ခတ်၍ ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ထားမြတ်/People’s Spring

ဇူလိုင် ၂၀ရက်တွင် တန့်ယန်းလမ်းခွဲ၌ တပ်စွဲထားသည့် MNDAA ဂိတ်ကို ဖြတ်သန်းရန် ကြိုးပမ်းသည့် ယာဉ်မောင်းကို MNDAAတပ်ဖွဲ့ဝင်က ပစ်ခတ်ခဲ့ရာ လည်ပင်းကျည်ထိမှန် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ပစ်ခတ်ခံရသူသည် မန္တလေး-လားရှိုးပြေးဆွဲနေသည့် ယာဉ်မောင်း ကိုဝေယံထွန်းဆိုသူဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” တကယ် စိတ်မကောင်းဘူး။ ဘာမှ မပြောမဆို တားဆီးပြောဆိုတာမရှိဘူး။ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် အရပ်သား ပြည်သူတွေအပေါ် လူသားဆန်ကြပါ။ အတက်နိုင်ဆုံး ကူညီကြပါ။ အကယ်၍ စစ်ဆေးဖို့ လိုရင်လည်း သေချာရပ်ခိုင်းပြီး မေးလို့ရပါတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် MNDAA စစ်ရေးကော်မတီ အနေဖြင့် ထုတ်ပြန်ချက်တွင် စစ်ဆင်ရေးစတင်ပြီး တစ်ပတ်အကြာ ဇူလိုင် ၁၀ရက်တွင် လားရှိုးအနီး လှုပ်ရှားနေသော တပ်သားများ လိုက်နာရမည့် တားမြစ်မိန့်ကို ထုတ်ပြန်ရာ အနိုင်ကျင့်သတ်ဖြတ်ခြင်းမပြုရန်၊ ပြည်သူလူထု၏ စည်းစိမ်ဥစ္စာထိပါးခြင်းမပြုရန်၊ စစ်မြေပြင်အတွင်းရှိ ပြည်သူပိုင်ယာဉ်များကို သိမ်းဆည်းသုံးဆောင်ခြင်းမပြုရန် အချက်များ ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် လမ်းကြောင်းပိတ်ပြီး တပ်သားစုဆောင်းခြင်း အထူးသဖြင့် ကလေးသူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းခြင်းမပြုရန် လည်း တားမြစ်ထားသည်။

စည်မျဉ်းစည်းကမ်းများနှင့် တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက စစ်ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြထားပြီး လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ် ဖော်ဆောင်ရန်နှင့်ဘေး ဒုက္ခကျရောက်နေသော ပြည်သူများကို လက်ကမ်းကူညီပေးရန် တိုက်တွန်းထားသည်။

ထို့ပြင် စစ်ဘေးရှောင်ဒုက္ခသည်များ တိမ်းရှောင် ရန်အတွက် အန္တရာယ်ကင်းသောလမ်းကြောင်း ဖွင့်ပေးရန်နှင့် ကူညီပေးရမည်ဟုလည်း အောက်ခြေတပ်ဖွဲ့များအား ညွှန်ကြားထားသည်။

MNDAA တပ်ဖွဲ့ဝင်များအားလုံး တားမြစ်မိန့်လိုက်နာမှု ရှိ၊ မရှိ ပြည်သူများက စောင့်ကြည့်ပေးပြီး တိုင်ကြားနိုင်ကြောင်း ဖုန်းနံပတ်များလည်း ထုတ်ပြန်ထားသည်။

တိုင်ကြားနိုင်သော ဖုန်းနံပါတ်များမှာ(၁) လီဦးစီးဌာနမှူး ၀၉၆၇၈၂၄၃၆၂၆ ၊(၂) ရန်ဦးစီးဌာနမှူး ၀၉၆၇၈၁၇၂၁၃၆၊ (၃) ဟဲအရာရှိ ၀၉၈၈၂၉၅၄၅၆၅တို့ဖြစ်ကြောင်း ဖော်ပြသည်။

တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည့် ဖုန်းနံပတ်များအား ယနေ့ (ဇူလိုင် ၂၁ရက်) ညပိုင်း၌ ဆက်သွယ်ကြည့်ရာ ဖုန်းနံပတ်အားလုံး ဖုန်းခေါ်ဆို၍မရပေ။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။