Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ယာယီသမ္မတတာဝန်များကို စတင်လွှဲပြောင်းရယူကြောင်း ကြေညာ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယာယီသမ္မတတာဝန်များကို ယနေ့(ဇူလိုင် ၂၂ရက်)စတင်လွှဲပြောင်းရယူကြောင်း ကြေညာသည်။

အာဏာသိမ်း​ခေါင်း​ဆောင် မင်းအောင်လှိုင်။ ဓါတ်ပုံ-ရိုက်တာ

“ဘာမှတော့ ထူးပြီးဖြစ်စရာမရှိဘူး။ အစကတည်းက သမ္မတ ဦးမြင့်ဆွေက ရုပ်သေးရုပ်ပဲဟာ”

− နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦး

အီယိုရီ/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယာယီသမ္မတတာဝန်များကို ယနေ့(ဇူလိုင် ၂၂ရက်)စတင်လွှဲပြောင်းရယူကြောင်း ကြေညာသည်။

စစ်ကောင်စီ၏ ရုပ်သေးယာယီသမ္မတဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူထားချိန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စများအလို့ငှါ မင်းအောင်လှိုင်အား လွှဲအပ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဘာမှတော့ ထူးပြီးဖြစ်စရာမရှိဘူး။ အစကတည်းက သမ္မတ ဦးမြင့်ဆွေက ရုပ်သေးရုပ်ပဲဟာ။ ခုတော့ အားလုံးသူ့လက်သူ့ခြေ ကိုယ်တိုင် က,တာပေါ့။ အာဏာသိမ်းတဲ့ စရိုက်လက္ခဏာလည်းပေါ်လွင်သွားတာပေါ့”ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုသည်။

ယာယီသမ္မတဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်မလာသေးဘဲ အစားအသောက်စားနိုင်ခြင်းပင်မရှိသေးကြောင်း စစ်ကောင်စီက ဇူလိုင် ၁၈ရက်တွင် ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်း၏ ၆လတကြိမ်သက်တမ်းတိုးနေမှု ရက်နီးကပ်လာချိန်တွင် ယာယီသမ္မတဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေကို ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက တရုတ်နိုင်ငံသို့ ပြည်ခိုင်ဖြိုးသမ္မတဟောင်း ဦးသိန်းစိန်နှင့် ဒု-စစ်ခေါင်းဆောင်စိုးဝင်းတို့ သွားရောက်ပြီးနောက် ယခုလကုန်သက်တမ်းတိုးမှုတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကြီးကြီးမားမားအပြောင်းအလဲ ပြုလုပ်ရန် တရုတ်နိုင်ငံက တိုက်တွန်းသတင်းစကားပါးထားကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

အဆိုပါအခြေအနေတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တရုတ်၏ လိုလားချက်ကို လျစ်လျူရှူကြောင်း ယနေ့ကြေညာချက်ဖြင့် တုန့်ပြန်လိုက်ခြင်းဖြစ်ပြီး တရားမဝင် အာဏာသိမ်းမှုကာလကို ဆွဲဆန့်ကာ အာဏာအလုံးစုံကို ၎င်းတစ်ဦးတည်းသာ ဆွဲကိုင်ထားမည်ဟု ကြေညာလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်အချို့က သုံးသပ်သည်။

“သူ့ကိုဖယ်ရှား တားဆီးနှောက်ယှက်တဲ့သူဘယ်သူ့ကို မဆို တုန့်ပြန်ဖယ်ရှားမှာပဲ။ ဦးသိန်းစိန်ပဲဖြစ်ဖြစ် ဦးသန်းရွှေပဲဖြစ်ဖြစ်”ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

​နေပြည်​တော်တွင် စစ်​ကောင်စီထိပ်ပိုင်း​ခေါင်း​ဆောင်များကြားသ​ဘောထားကွဲလွဲမှု ပိုကြီးလာပြီး စစ်ဘက်ထိပ်ပိုင်းရာထူးများတွင်ယခုရက်ပိုင်း ​ခေါ်ယူစစ်​ဆေးခံရမှု အချို့ရှိ​နေပြီး အ​ပြောင်းအလဲများရှိနိုင်​ကြောင်း ​နေပြည်​တော်မှ သတင်းရင်းမြစ်အချို့က​ပြောသည်။

အာဏာသိမ်း​ခေါင်း​ဆောင်က ကိုယ်တိုင်သမ္မတရာထူးလွှဲ​ပြောင်းရယူချိန်မှာ စစ်​ကောင်စီတပ်သည် နိုင်ငံတစ်ဝန်းတိုက်ပွဲများ၌ စစ်ရှုံး​နေပြီး မန္တ​လေးမြို့ အနီးရှိ စဥ်ကူး မြို့နယ်အပါအဝင်အနည်းဆုံး မြို့​ပေါင်း ၇၂ မြို့ ကို ​တော်လှန်​ရေးတပ်များကသိမ်းပိုက်ထိန်းချုပ်ထားချိန်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကြပ်တဲ့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် (Saint Louis) BTS မှတ်တိုင်အနီး၊ မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်မှာ “Myanmar is bleeding. No handshakes with a brutal dictator”လို့​ရေးထားတဲ့ စာတန်းပါဘန်နာကို ရန်ကုန်လူထုသပိတ်နှင့်Burmese Exile Movement (BEM)တို့မှ ပူးပေါင်း...

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ကို ဖိတ်ကြားခဲ့သူ ထိုင်းဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူကို ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေက ယ​နေ့ည​နေပိုင်းမှာဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။