Connect with us

Hi, what are you looking for?

သတင်း

ကျွန်းစုမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိဟု မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း(၂) ပြော

နှစ်ဖက်တိုက်ပွဲများမှာ ကျွန်းစုနယ်၊ ဂျိုးတောင်ရွာနှင့် ဝါးရစ်ရွာများအနီး ဇူလိုင် ၂၀ ရက်ကတည်းက စတင်ဖြစ်ပွားခဲ့ရာ ယနေ့ (ဇူလိုင် ၂၆)အထိ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ ရဲဘော်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုင်ပွဲများဖြစ်နေကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲများမှာ ကျွန်းစုနယ်၊ ဂျိုးတောင်ရွာနှင့် ဝါးရစ်ရွာများအနီး ဇူလိုင် ၂၀ ရက်ကတည်းက စတင်ဖြစ်ပွားခဲ့ရာ ယနေ့ (ဇူလိုင် ၂၆)အထိ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“ကျွန်းစုမြို့နယ်၊ တနသာ်ရီမြို့နယ်စပ်ကြား ဝါရစ်ဂျိူးတောင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ”ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထိတွေ့တိုက်ပွဲများတွင် ဇူလိုင် ၂၄ ရက် နေ့လယ် ၂ နာရီခန့်က ဝါရစ်ရွာအနီးသို့ အင်အား ၁၀၀ ခန့်ဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်များသည် တော်လှန်ရေးပူးပေါင်းတပ်များထောင်ထားသည့် မိုင်းများနင်းမိကာ ၁၀ ဦးကျော် ထိခိုက်သေဆုံးကြောင်း စစ်ကြောင်း (၂)ထံမှ သိရသည်။

အလားတူ ယင်းနေ့နံနက် ၉နာရီခန့်ကတည်း က ဂျိုးတောင်နှင့် ဝါးရစ်ရွာလမ်းဆုံအနီးတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝတ်ကြာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များမှာ အထိအခိုက်မရှိခဲ့ဟု စစ် ကြောင်း(၂) တာဝန်ရှိသူက ပြောသည်။

ယခုရက်ပိုင်း ကျွန်းစုမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၀ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုကြပြီး ထိခိုက်သေဆုံးမှုအခြေအနေအား လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မိုင်းခွဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများနှင့် တိုက်ပွဲငယ်များ ဆင်လက်ဖြစ်ပွားနေသည့် ကျွန်းစုနယ်၊ ဝါးရစ်နှင့် ဂျိုးတောင်ရွာများတွင် စစ်ကောင်စီတပ်က နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လူငယ်အချို့ကိုပါ ဖမ်းဆီးမှုများရှိနေကြောင်း စုံစမ်းသိရသည်။

(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ ရဲဘော်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့)

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။