Connect with us

Hi, what are you looking for?

News

လူသတ်၊ နေအိမ်မီးရှို့နေသည့် စစ်ကောင်စီတပ်ကို လက်တုန့်ပြန်မည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကြေညာ

ဖလမ်းမြို့နယ် ရီလ်သီးကျေးရွာရှိ ဘုရားကျောင်းအပါအဝင် ရွာလုံးကျွတ်နှင့် တလန်ရောန်ကျေးရွာရှိ လူနေအိမ် ၁၂လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ လူသတ်၊ လူနေအိမ်မီးရှို့မှုများကို လက်တုန့်ပြန်မည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၁၄ရက်နေ့စွဲဖြင့် ကြေညာသည်။

အာဏာကို လက်နက်အားကိုးဖြင့် မတရားရယူထားပြီး ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ ရဟန်းရှင်၊လူပုဂ္ဂိုလ်များကို နေ့စဉ်နှင့်အမျှ အဓမ္မဖမ်းဆီးသတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေသော စစ်ကောင်စီတပ်များသည် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ သူဖေကျေးရွာရှိ အပြစ်မဲ့ ရွာသားနှစ်ဦးကို လူမဆန်စွာဖြင့် အောက်တိုဘာ ၁၃ ရက်က ပစ်သတ်ခဲ့သည်။

ထို့အပြင် ရမ်းကားသော စစ်ကောင်စီတပ်သားများသည် ၎င်းတို့ခြေချရာ လမ်းတစ်လျှောက် ကျေးရွာများရှိ ပြည်သူများကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များ၊ လူအသုံးအဆောင်ပစ္စည်းများကို လုယက်ခြင်းစသည်တို့ကို ကျူးလွန်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့နယ် ရီလ်သီးကျေးရွာရှိ ဘုရားကျောင်းအပါအဝင် ရွာလုံးကျွတ်နှင့် တလန်ရောန်ကျေးရွာရှိ လူနေအိမ် ၁၂လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့ လူမဆန်သောလုပ်ရပ်များ၊ စစ်ရာဇဝတ်ကို ကျူးလွန်သော စကစတပ်များကို ချင်းအမျိုးသားအဖွဲ့ချုပ်၊ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (CNO/CNDF) အနေဖြင့် ဆက်လက် ၍ ခုခံကာကွယ်တိုက်ခိုက်မည့်အပြင် ယခုလုပ်ရပ်များအတွက် လက်တုန့်ပြန်သွားမည်ဟု အသိပေးသည်။

ချင်းပြည်နယ်တွင် အင်အားအဆမတန်တိုးချဲ့နေသည့် စစ်ကောင်စီတပ်များနှင့် ချင်းအမျိုးသားတပ်ဦး CNA နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDFတို့က ခုခံတိုက်ပွဲများမှာ အောက်တိုဘာ ၁၄ ရက်ကစ၍ ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။