Connect with us

Hi, what are you looking for?

သတင်း

ရမခအောင်ပွဲအဖြစ် နမခ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ကျောက်လုံးကြီးတပ်ဖွဲ့ ထုတ်ပြန်

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)အောင်ပွဲအထိမ်းအမှတ်အဖြစ် မုံရွာမြို့အနောက်မြောက် တိုင်းစစ်ဌာနချုပ်(နမခ)အတွင်း ရှော့တိုက်ရော့ကတ်များ၊ကာမီကာဇေဒရုန်းများဖြင့် ဇူလိုင် ၂၅ရက် ညနေ (၄)နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ထုတ်ပြန်သည်။

မုံရွာ နမခအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - ကိုပတ္တမြား

ဇေအောင်/People’s Spring

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)အောင်ပွဲအထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ယနေ့ အသိပေးထုတ်ပြန်သည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)အောင်ပွဲအထိမ်းအမှတ်အဖြစ် မုံရွာမြို့အနောက်မြောက် တိုင်းစစ်ဌာနချုပ်(နမခ)အတွင်း ရှော့တိုက်ရော့ကတ်များ၊ကာမီကာဇေဒရုန်းများဖြင့် ဇူလိုင် ၂၅ရက် ညနေ (၄)နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“နမခထဲက လေယာဥ်ကွင်း၊ အားကစားကွင်းထောက်ပို့တပ်နေရာတွေကို မောင်းသူမဲ့လေယာဥ်တွေနဲ့ ဗုံးသီးချတယ်။ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ်အတွင်းရှိ ၆ခန်းတွဲလိုင်းခန်း ရှော့တိုက်ရော့ကတ် ထိမှန်ခဲ့ပြီး ထိခိုက်မှုရှိကြောင်း၊ ထပရ (၉၂၉)ရိက္ခာသိုလှောင်ရုံနှင့် ပညရ(၁၁)အရာရှိရိပ်သာလည်း ထိမှန်ခဲ့ကြောင်း KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ဆိုသည်။

ထို့အပြင် တပ်နယ်အတွင်းရှိ လျှပ်စစ်ခွဲရုံ ထိမှန်ပျက်စီးခဲ့ပြီး နမခတပ်နယ်တခုလုံးမီးပျက်သွားခဲ့ကြောင်း၊ အလားတူ မုံရွာယာယီလေတပ်ဆွယ် ဝန်းအတွင်း ကာမီကာဇေဒရုန်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း Chindwin Rocket Brothers -(C.R.B)အဖွဲ့က ဆိုသည်။

ထိုကြောင့် နမခသို့ ရောက်ရှိနေသော စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ၏ နေပြည်တော်အပြန် လေယာဉ်ခရီးစဥ် ဖျက်သိမ်းခဲ့ရပြီး နောက်တနေ့ ဇူလိုင် ၂၆ရက် နံနက် ၉နာရီ ၃၇မိနစ်ခန့်က မုံရွာလေဆိပ်မှ Beech-1900D Military Transport Aircraft လေယာဥ်ဖြင့်ပြန်သွားကြောင်း NAS ထံမှ သိရသည်ဟု KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင် ဗျူဟာ-၄၅ KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့နှင့်အတူ Chindwin Rocket Brothers -(C.R.B)၊ Chindwin Brothers၊ ချိုမိုင်မိုင် ကနီ၊Spring Guerrilla Platoon အဖွဲများနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။

သတင်း

စစ်ကိိုင်းတိုင်း၊မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စက်တပ်လေထီးတစ်စီးပျက်ကျမှုဖြစ်စဉ် အတည်ပြုဖို့ စုံစမ်းနေတယ်လို့ မုံရွာပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိပြီး ရိက္ခာဂိုဒေါင် ၂ လုံးပါ ပျက်စီးတယ်လို့ Chindwin Rocket Brother(CRB)အဖွဲ့က ထုတ်ပြန်ပါတယ်။