Connect with us

Hi, what are you looking for?

သတင်း

NUG ရဲတပ်ဖွဲ့ပူးပေါင်းတပ်တွေက နမခကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။

မေ-၂၀၊၂၀၂၆။သတိုး/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။

မေလ ၁၉ရက် ည ၁၀နာရီလောက်မှာ နမခကို ၁၀၇ မမ ရှော့တိုက်ဒုန်း ၅လုံးနဲ့ ပစ်ခတ်ခဲ့တာ နမခအတွင်း ရှော့တိုက်ဒုန်း ၄လုံး ထိရောက်ပေါက်ကွဲခဲ့တယ်လို့ ဒီနေ့ (မေ ၂၀ရက်)မှာ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို NUG ပြည်သူ့ရဲတပ်ဖွဲ့ ၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF) နဲ့အတူ Justice Brothers Force ၊‌ ရွှေတြိဂံ မဟာမိတ်တပ်ရင်း ၊ ဆားတောင်မိုးကြိုးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုကြောင့် နမခအတွင်းက စစ်တပ်ဘက်ကအရာရှိတွေ အပါအဝင် သေဆုံးထိခိုက်မှုတွေရှိတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး လူထုနွေဦးအနေနဲ့ သီးသန့် အတည်ပြုနိုင်တာတော့ မရှိပါဘူး။

တော်လှန်ရေးတပ်ဖွဲ့က မုံရွာမြို့က နမခ ကို မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

Facebook