Connect with us

Hi, what are you looking for?

သတင်း

ဟားခါးရဲစခန်းအချုပ်ကယ်ထုတ်မှုတွင် တစ်ကျွန်းကျ ခုနစ်ဦးအပါအဝင် နိုင်ကျဥ်း ၄၉ ဦး ပါဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၀ရက်တွင် စီးနင်းတိုက်ခိုက်ပြီး ကယ်ထုတ်ခဲ့သည့်အကျဉ်းသားများအနက် တစ်သက် တစ်ကျွန်းကျခံထားရသူ ခုနစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၄၉ဦးပါဝင်ခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က ဇူလိုင် ၃၀ရက်တွင် ထုတ်ပြန်သည်။

ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့သော ဟားခါးမြို့ ရဲစခန်း တွေ့ရစဥ်။ ဓာတ်ပုံ-The Chin Journal

သရဖူ/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၀ရက်တွင် စီးနင်းတိုက်ခိုက်ပြီး ကယ်ထုတ်ခဲ့သည့်အကျဉ်းသားများအနက် တစ်သက် တစ်ကျွန်းကျခံထားရသူ ခုနစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၄၉ဦးပါဝင်ခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က ဇူလိုင် ၃၀ရက်တွင် ထုတ်ပြန်သည်။

ဟားခါးမြို့မရဲစခန်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဥ်းသားများ ကယ်ထုတ်မှုမှပြန်လွတ်လာသူများတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံရသူ ခုနှစ်ဦးအပါအဝင် ထောင်ဒဏ် သုံးနှစ်မှ ၁၅နှစ်အထိ ချမှတ်ခံရသူ ၄၉ဦး ပါဝင်ကြောင်း CHROက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေသည့်မြို့နယ်အချို့တွင် ရဲစခန်းအချုပ်နှင့် အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသူများ ကယ်ထုတ်နိုင်သည်ဖြစ်စဉ်များရှိနေသည်။

မတူပီမြို့၌ ပြီးခဲ့သည့်ဇွန်လက ချင်းကာကွယ်ရေးရဲဘော်များက မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ် စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည့် နိုင်ငံရေးအကျဥ်းသား

၁၃ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်အတွင်းက မိုးကုတ်မြို့နှင့် စဥ့်ကူးမြို့သိမ်းတိုက်ပွဲတွင်လည်း နိုင်ငံရေးအကျဉ်းသားများအပါအဝင် စစ်ကောင်စီဖမ်းဆီးထားသည့်အကျဉ်းသားများကို ကယ်ထုတ်နိုင်ခဲ့သည်။

ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ်များတိုက်ခိုက်ခဲ့သည့် လားရှိုးမြို့သိမ်းတိုက်ပွဲတွင်လည်း လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။