Connect with us

Hi, what are you looking for?

News

လတ်တလော ထိုးစစ်ဆင်မှုခံစားနေရသည့် ဒေသများသို့ ထောက်ပံ့ကူညီမှု ဆက်ပေးနိုင်ရေးစီစဉ်နေဟု NUG အသိပေး

NUG အနေဖြင့် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ လက်ရှိအချိန်အထိ ခြောက်လအတွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံ့ခဲ့မှု ပမာဏမှာ ကျပ်၁ဒသမ ၅ဘီလီယံခန့်ဖြစ်သည်ဟု ဆိုသည်။

People's Spring
People's Spring

လတ်တလောတွင် ထိုးစစ်ဆင်မှုကို ပိုမိုခံစားလာရသော ဒေသများအား ထောက်ပံ့မှုအကူအညီများ ဆက်လက်ပေးပို့နိုင်ရန် တတ်အားသရွေ့ စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ယနေ့ (အောက်တိုဘာ၁၇) ထုတ်ပြန်သည်။

NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ခဲ့မှု အခြေအနေကို ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီကလတ်တ လော ထိုးစစ်ဆင်နေသည့် ဒေသများသို့ အကူအညီ ဆက်ပေးနိုင်ရေး ဆောင်ရွက်နေသည့် အချက်ကို ထည့်သွင်းဖော်ပြခဲ့သည်။

မည်သည့်ဒေသများသို့ အကူအညီများပေးမည်ကို ဖော်ပြမထားသော်လည်း လတ်တလော စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသည့် ဒေသမှာ ချင်း၊ ကရင်နီ၊ စစ်ကိုင်းနှင့် မကွေးဒေသများဖြစ်သည်။ ကရင်နှင့်ကချင်ဒေသများ၌လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေ၍ တိုက်ပွဲများ ဆက်ရှိနေသည်။

NUG အနေဖြင့် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ လက်ရှိအချိန်အထိ ခြောက်လအတွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံ့ခဲ့မှု ပမာဏမှာ ကျပ်၁ဒသမ ၅ဘီလီယံခန့်ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ခြောက်လအတွင်း စစ်ဘေးရှောင် နှင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့မှု ကျပ် ၅၂၃ သန်း၊ ပဋိပက္ခကာလအတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ကျပ်၇၅၀ သန်း နှင့် အခြား လူသားချင်းစာနာမှု အကူအညီများ အတွက် ကျပ် ၂၀၄သန်း ဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့ခုခံစစ် စတင်သည့် စက်တင်ဘာနှင့် အောက်တိုဘာအတွင်း နိုင်ငံအနှံ့အတွက် လူသားချင်းစာနာမှု အကူအညီများအတွက် စုစုပေါင်းကျပ် ၃၃၅သန်း ထောက်ပံ့ပေးပို့ခဲ့ပြီး ဤကာလအတွင်း စစ်ဘေးရှောင် နှင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့မှုမှာ ကျပ် ၆၀သန်းခန့် ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင်၏ ညှိနှိုင်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို ပြည်နယ်နှင့်တိုင်း ဒေသအသီး သီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားရှိပြီး အလှူရှင် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် လူသားချင်းစာနာမှု အကူအညီရရှိရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း အသိပေးထားသည်။

ဝန်ကြီးဌာန CDM ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း သင်တန်းများနှင့် ဝန်ထမ်းများ၏ သားသမီးများအတွက် မူကြိုသင်တန်း ဖွင့်လှစ်ခြင်း အစီအစဥ်များကို ဆောင်ရွက်လျက်ရှိပြီး နေရပ်စွန့်ခွာသူများအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာ သင်တန်းများပေးခြင်းအစီအစဥ်များကိုလည်း စီစဥ်လျက်ရှိသည်ဟုဆိုသည်။

ကိုဗစ် ၁၉ တတိယလှိုင်းဘေးဒဏ်ကြောင့် စိတ်လူမှု သောကခံစားရသူများအား စိတ်ခွန်အား မြှင့်တင်ခြင်း ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း အစီအစဥ်ကိုလည်း ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။