Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် စစ်ကောင်စီက လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ

မန္တလေးမြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးနေပြီး နယ်ဝေးမှအလုပ်လာလုပ်သူများပါ ဖမ်းဆီးခံနေရကြောင်း မြို့ခံများက ပြောသည်။

အာဏာသိမ်းကာလအစောပိုင်းက မန္တလေးမြို့တွင် အေးချမ်းစွာ ဆန္ဒပြသူများအား စစ်တပ်ကအကြမ်းဖက်ဖမ်းဆီးခဲ့စဥ်။ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးမြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးနေပြီး နယ်ဝေးမှအလုပ်လာလုပ်သူများပါ ဖမ်းဆီးခံနေရကြောင်း မြို့ခံများက ပြောသည်။

သြဂုတ် ၁၅ရက်ညပိုင်းက မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ၈၁လမ်းနှင့် ၁၇ လမ်းဝန်းကျင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ပန်းရံလုပ်သားများအား ဧည့်စာရင်းဝင်ရောက်စစ်ဆေးပြီး စစ်မှုထမ်းရန်အတွက်ဆိုကာ ပန်းရံအမျိုးသား နှစ်ဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က ဧည့်စာရင်းလည်းတိုင်ထားတယ်။ မကွေးဘက်ကလာအလုပ်လုပ်တဲ့ ပန်းရံလေးတွေတဲ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ မဟာအောင်မြေနှင့် ပြည်ကြီးတံခွန် မြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်က လူငယ်များအား စစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ပြည်ကြီးတံခွန် (ဋ)ရပ်ကွက်၊ရွာသစ်ကလေးကနေ စစ်မှုထမ်းဖို့အတွက် လူငယ်သုံးယောက်ကိုလာခေါ်သွားပါတယ်။ ဒါပါနဲ့ဆို ခုနစ်ယောက် ယောက်ရှိနေပါပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ သြဂုတ် ၁၄ ရက် ညကလည်းအောင်မြေသာစံမြို့နယ်၊ ၁၉လမ်းနှင့် ၈၇လမ်းတွင် ဧည့်စာရင်းစစ်ရာ ဆံပင်ညှပ်ဆိုင်ရှိ မိန်းကလေး ခုနစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice Of Mandalay အဖွဲ့က အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ညပိုင်း အချိန်မတော်အပြင်ထွက်သည့် လူငယ်များကိုလည်း လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းရန်ခေါ်ဆောင်နေကြောင်း မန္တလေးမြို့ခံများက ပြောသည်။

ယမန်နေ့(သြဂုတ် ၁၆ရက်)ကလည်း တံတားဦးမြို့အဝင်တွင် မာမားစက်ရုံမှအလုပ်သမားများ၊အခြားပန်းရံလက်သမားနေ့စား အလုပ်သမားများ စုစုပေါင်းတစ်ရာကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဇွန်လ ၂၅ရက်ကစတင်ခဲ့သည့် ၁၀၂၇ အပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးတွင် မန္တလေးမြို့အနီး မတ္တရာမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်၏ စခန်း ၃၅ခုအား မန္တလေး PDFနှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

တိုက်ပွဲများမှာ မန္တလေးမြို့အနီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းသို့ပါ ရောက်ရှိလာပြီး ဒေသခံများပါ ထွက်ပြေးတိမ်းရှောင်နေရသည်။

မန္တလေးမြို့တွင် စစ်ကောင်စီက ခံစစ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး မြို့တွင်းနှင့် မြို့အဝင်၊ အထွက်များ၌ တင်းကြပ်စွာ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။