Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးနှင့်အင်း​တော်တွင်တိုက်ပွဲပြင်းထန်​နေ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ နှင့် အင်း​တော်မြို့ရှိ စစ်​ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သြဂုတ် ၁၆ ရက်မှစ၍ တိုက်ခိုက်လျက်ရှိရာတိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံနှင့်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

​ဟန်​နွေ ၊​ယောနသံ/ People’s Spring

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ နှင့် အင်း​တော်မြို့ရှိ စစ်​ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သြဂုတ် ၁၆ ရက်မှစ၍ တိုက်ခိုက်လျက်ရှိရာတိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံနှင့်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

အဲဒီဘက်က တိုက်ပွဲဖြစ်နေတာ။ ဒါပေမဲ့ အဆက်အသွယ်က မရဘူး။ ဖုန်းလိုင်းလုံးလုံးမရတော့ဘူး။ မရတာ တစ်ရက် နှစ်ရက်ပဲရှိသေးတာ။ တိုက်ပွဲဖြစ်တာဟုတ်တယ်။ဖြစ်လို့ ဖုန်းလိုင်းဖြတ်လိုက်တာ” ဟု ပင်လည်ဘူး ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပင်လယ်ဘူး နှင့် အင်းတော်မြို့မှ စစ်ကောင်စီစခန်းများကို ​တော်လှန်​ရေးအဖွဲ့များက တပြိုင်နက်တိုက်ခိုက်နေခြင်းဖြစ်သည်။

“အင်း‌တော်က စခန်းတစ်ခုပဲကျန်တာ။ နှစ်နေရာစလုံး အခြေအ‌နေကောင်းတယ်။ ကိုယ့်ဘက် လုံးဝ အထိအခိုက်ရှိမနေဘူး” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရန်အချို့ကလည်း သြဂုတ် ၁၆ ရက်တွင် ပင်လည်ဘူး တိုက်ပွဲ ပြင်းထန်နေပြီးဌာနဆိုင်ရာများ ၊ရဲစခန်း အတိုက်ခံနေရကြောင်း၊အခြေအနေမကောင်းကြောင်း အသိပေးထားသည်။

ထို့အပြင် ဇူလိုင်လဆန်းက ပြုလုပ်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းတိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်က အထိနာခဲ့သည်။ ဩဂုတ် ၆ရက်တွင်စစ်ကောင်စီ ထောက်ပို့ ရဟတ်ယာဉ် တစ်စီး ပင်လည်ဘူးသို့ ဆင်းသက်ပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သားများ တင်ဆောင်စဉ် ရဟတ်ယာဉ်အနီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၇ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ရုပ်သံမှတ်တမ်းနှင့်တကွဖော်ပြအသိပေးခဲ့သည်။

ပင်လယ်ဘူးမြို့ရှိ စစ်တပ်စခန်းများကို ​တော်လှန်​ရေးတပ်ဖွဲ့များက ၂၀၂၁ စက်တင်ဘာလမှစ၍ အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။