Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က လေကြောင်းထပ်မံတိုက်ခိုက်

ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းပျက်စီးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ

လက်ဝဲမြင်းနီရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- နွားထိုးကြီးသတင်းစုံ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းထပ်မံ တိုက်ခိုက်ခဲ့ရာ လက်ဝဲမြင်းနီကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းပျက်စီးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဩဂုတ် ၂၁ရက်) နေ့လယ် ၁၂နာရီခန့်က နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းပျက်စီးပြီး အသက်(၅၀) အရွယ် အမျိုးသမီးတစ်ဦး ခန္ဓာကိုယ်အောက်ပိုင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဘုရားစေတီ ပျက်စီးသွားတယ်။ ဘုန်းကြီးနေတဲ့ အဆောင်ရယ်၊ သိမ်ရယ်၊ ဓမ္မာရုံရယ်၊ ဓမ္မာရုံကတော့ အမိုးတွေမျက်နှာကျက်တွေ ပေါက်ပြဲကုန်တယ်။ ရိပ်သာအုတ်တံတိုင်းတွေ ပျက်စီးသွားတယ်။ ရိပ်သာရဲ့အရှေ့ဘက်ကအိမ် မှန်ပြတင်းတွေကွဲတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အကြောင်းမဲ့လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျေးရွာအတွင်းပြည်သူများ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၂၀ ရက် နေ့လယ်ကလည်း လက်ဝဲမြင်းနီရွာအနီးရှိ ကွမ်းအုံကျေးရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူသုံးဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါး အပါအဝင်သုံးဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု နေရာခြောက်ခုထက် မနည်းပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ ထိခိုက်မှုအချို့ ရှိခဲ့သည်။

နွားထိုးကြီးမြို့သည် သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးဖြင့် မြို့ပေါ်၌တိုက်ပွဲစတင်ပြီးနောက် စစ်ကောင်စီ၏ Non CDMဝန်ထမ်းများထွက်ပြေးသွားပြီးနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။