Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ တိုက်ပွဲတွေ မဖြစ်အောင် စစ်ကောင်စီလက်ဝေခံအင်အားစုတွေ ဆန္ဒပြ

စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့ မတိုက်ခံရအောင် မျိုးချစ်အမည်ခံ စစ်ကောင်စီလက်ဝေခံအင်အားစုတွေက ဒီနေ့မှာ ဆန္ဒပြခဲ့တာရှိပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီဝါဒဖြန့်မီဒီယာ

ဆိုင်းမင်း/People’s Spring

စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့ မတိုက်ခံရအောင် မျိုးချစ်အမည်ခံ စစ်ကောင်စီလက်ဝေခံအင်အားစုတွေက ဒီနေ့မှာ ဆန္ဒပြခဲ့တာရှိပါတယ်။

မန္တလေးမြို့က ပြည်သူတွေ စည်းလုံးကြဖို့၊ ယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မန္တလေးမြို့ကို ကာကွယ်စို့ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ မန္တလေးမြို့ပေါ် လှည့်လည်ဆန္ဒပြကြတာပါ။

Public Service Announcement

Public Service Announcement

ဆန္ဒပြပွဲကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေနေကြပြီး ဓာတ်ပုံတွေ ၊ ရုပ်သံမှတ်တမ်းတွေအရ ပျုစောထီးခေါင်းဆောင် သဃ်န်းဝတ် ပေါက်ကိုယ်တော် ၊ မဘသ ဘုန်းကြီး ဦးဝီရသူ ရဲ့ တပည့် ကျော်မျိုးရွှေတို့ ပါဝင်တာတွေ့ရပါတယ်။

ဒါအပြင် ၂၀၁၇ ခုနှစ်အတွင်းက မန္တလေး မှာ NLD အစိုးရ ဆန့်ကျင်ရေး သပိတ်ကို ဦးဆောင်ခဲ့တဲ့ မဘသ ဘုန်းကြီး ဦးအဂ္ဂဓဇ ကိုလည်း ဒီနေ့ ဆန္ဒပြပွဲ မှာ ဦးဆောင် ဆော်သြ နေတာတွေ့ရပါသေးတယ်။

မန္တလေး မြို့ခံအချို့ရဲ့ ပြောပြချက်အရ ဒီနေ့ ဆန္ဒပြပွဲမှာ စစ်ကောင်စီလက်ဝေခံ ပျုစောထီး အဖွဲ့ဝင်တွေနဲ့ လူမိုက်တွေ ပါဝင်ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြတာကို ကျုံးအရှေ့ခြမ်းက အထူးစုံစမ်းစစ်ဆေးရေး(စသုံးလုံး)ရုံးရှေ့ ၊ မန္တလေးတောင်ခြေ ခြင်္သေ့ကြီးနှစ်ကောင်ရှေ့နဲ့ မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းရှေ့နေရာတွေမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ခုလို ဆန္ဒပြပွဲဟာ မန္တလေးကို စစ်ကောင်စီခေါင်းဆောင် လာရောက်ပြီး ရက်ပိုင်းအကြာမှာ ပေါ်ထွက်လာတာပါ။

မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လာရောက်ခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင်ဟာ မန္တလေးမှာ ရပ်ကွက်အလိုက် ၊လမ်းအလိုက် လုံခြုံရေးအဖွဲ့တွေ ဖွဲ့ပြီး နယ်မြေစိုးမိုးရေးလုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကစတင်တဲ့ ရှမ်း – မန်း စစ်ဆင်ရေးက စပြီး မန္တလေးတိုင်းထဲကို ရှမ်းမြောက်ကတဆင့် တိုက်ပွဲဧရိယာ ကျယ်ပြန့်လာခဲ့တာပါ။ အဲဒီနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့ပေါ်နဲ့ မိုင် ၂၀ အကွာအဝေးအထိ တိုက်ပွဲတွေ ဖြစ်ထားပါတယ်။

လက်ရှိမှာ မန္တလေးတိုင်းထဲကဆိုရင် မိုးကုတ် ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တွေကို မန္တလေး PDF နဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပါတယ်။

ဒါအပြင် မန္တလေးမြို့ကို ဝင်တိုက်တော့မယ်လို့ သတင်းတွေ ထွက်နေပြီး စစ်ကောင်စီကလည်းမန္တလေးမှာ အရင်ကထက် လုံခြုံရေးတင်းကြပ်တာ ၊ စစ်မှုထမ်းဖို့လူငယ်တွေကို အတင်းအဓမ္မ စုဆောင်းတာတွေ ပြုလုပ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။