Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းတွင် စစ်သားတစ်ဦး အရာရှိ၏စနိုက်ပါယူလာပြီး CDM ပြုလုပ်

မကွေးတိုင်း ထီးလင်းမြို့ စစ်ကောင်စီ အထိုင်တပ်မှ တပ်သားတစ်ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်လာကြောင်း ယောတော်လှန်ရေးတပ်(YRA)-ထီးလင်းက သတင်းထုတ်ပြန်သည်။

အရာရှိစနိုက်ဘာယူလာပြီးအလင်းဝင်လာ​သော စစ်သားကို​တွေ့ရစဥ်။ ဓါတ်ပုံ-YRA

ဟန်နွေ/People’s Spring

မကွေးတိုင်း ထီးလင်းမြို့ စစ်ကောင်စီ အထိုင်တပ်မှ တပ်သားတစ်ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်လာကြောင်း ယောတော်လှန်ရေးတပ်(YRA)-ထီးလင်းက သတင်းထုတ်ပြန်သည်။

ဩဂုတ် ၂၈ရက်တွင် ထီးလင်း အထိုင်တပ်မှ တပ်သား ဟိန်းသူအောင်သည် ၎င်း၏ အထက်အရာရှိသဖြစ်သူ တပ်ကြပ်ကြီး၏ MAS အမျိုးအစားစနိုက်ဘာသေနတ်တလက်အား ယူဆောင်ကာ ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းထံသို့ CDM ပြုလုပ်ဝင်ရောက်ခဲ့ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အရာရှိစနိုက်ဘာယူလာပြီးအလင်းဝင်လာ​သော စစ်သားကို​တွေ့ရစဥ်။ ဓါတ်ပုံ-YRA

ထိုသို့ လက်နက်နှင့်အတူ ပူးပေါင်းလာသည့် တပ်သားကို ဆုကြေးငွေ ၆၅ သိန်းပေးအပ်ပြီးလွတ်မြောက်နယ်မြေတနေရာသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း အသိပေးသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်မိသားစုများ၏ အသက်အိုးအိမ်စည်းစိမ်များအား အသက်ပေးကာကွယ်ရန်မထိုက်တန်ကြောင်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် အကြမ်းဖက်စစ်တပ်မှတပ်သား၊အရာရှိအဆင့်ဆင့်များ နားလည်သဘောပေါက်၍ပြည်သူကိုမျက်နှာမူ CDM ပြုလုပ်ကြရန်လည်း YRA-ထီးလင်းက တိုက်တွန်းခဲ့သည်။

ယခုလပိုင်းအတွင်း စစ်​ကောင်စီတပ်သားများက ​တော်လှန်​ရေးအဖွဲ့များထံအလင်းဝင်မှုများလာသည်။ဩဂုတ်လတွင်ချင်းပြည်နယ် ထန်တလန်၊ တွန်းဇံ နှင့် ဟားခါး မြို့များရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များထံသို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်နှင့်အတူ အလင်းဝင်ရောက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။