Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနန်းတွင်းမြောက်ဘက် ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရ

ရွှေကျင်တိုးဂိတ်တိုက်ခိုက်ခံရမှု ထိခိုက်မှုရှိဟုဆို

ညောင်ကွဲရပ်၌ ရှော့တိုက်ဒုံးထိမှန်ခဲ့သောတိုက်အားတွေ့ရစဥ်။ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ရုံးစိုက်ရာ နန်းတွင်းမြောက်ဘက်တွင် ရှော့တိုက်ဒုံးများဖြင့် စတင်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ယနေ့(စက်တင်ဘာ ၃ရက်) နံနက် ၄နာရီခန့်က မန္တလေးမြောက်ပြင်တွင် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လမ်း ၈၀×၁၁ လမ်းနှင့် ၁၂ လမ်းကြားရှိ ကိုရီးယားအကြောပြင်ဆိုင် တိုက်အပေါ်ဆုံးထပ်သို့လက်နက်ကြီးတစ်လုံးကျရောက်ပြီး အမိုးပွင့်ကာ လူထိခိုက်မရှိကြောင်း၊ ဒုတိယတစ်လုံးမှာ အမှတ် (၄)ရဲစခန်းအရှေ့ဘက်တိုက်သို့ ကျရောက်ကာ တိုက်အပေါ်ထပ် အုတ်နံရံပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ၊တတိယတစ်လုံးမှာ ရွှေကျင်တိုးဂိတ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း MDY Revolution အဖွဲ့က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“အိမ်ပေါ်ကျမလို အသံကြီးက ရွှီးဆိုပြီး မြေတုန်ခါသွားတယ်။ အိမ်ပါတုန်တယ်။သူရဲစျေး ဘူတာစျေးနားက အိမ်တစ်လုံးပေါ် ကျတယ်ပြောတယ်”ဟု မန္တလေးမြို့မြောက်ပြင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မန္တလေးမြို့အထွက် မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ စစ်ကောင်စီတပ်များရှိရာ ရွှေကျင်တိုးဂိတ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် စစ်အုပ်စုအထိအခိုက်ရှိကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးများမှာ နန်းတွင်းအား ရည်ရွယ် ပစ်ခတ်သည်ဟု ယူဆရပြီး ကျရောက်ခြင်းရှိ၊မရှိ မသိရသေးကြောင်း မြောက်ပြင်ဒေသခံအချို့က ပြောသည်။

ယခုပစ်မှတ်များသည် စစ်ကောင်စီတပ်၏ ကင်းနေရာများအား အဓိကတိုက်ခိုက်နေခြင်းဖြစ်သည်ဟုယူဆရ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် အနီးဆုံးနေရာများမှ ရှောင်ရှားနေသင့်ကြောင်း MDY Revolution က သတိပေးသည်။

ပစ်ခတ်ခဲ့သည့်အဖွဲ့အစည်းကိုမူ လက်တလောမသိရသေးပေ။

တိုက်ခိုက်ခံရပြီးနောက် မတ္တရာမြို့နယ် ညောင်ကုန်း(မြောက်ရွာ)မှ သုံးဆယ်ပေးရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း MDY Revolution က ထပ်မံအသိပေးသည်။

မြောက်ပြင်ရပ်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ နန်းတွင်း၏မြောက်ဘက် တွင်တည်ရှိပြီး မတ္တရာမြို့နယ်ဘက်သို့ထွက်သည့်ဘက်အခြမ်းတွင် တည်ရှိသည်။ စစ်ကောင်စီတပ်သည် သြဂုတ်လဆန်းပိုင်းကတည်းက မန္တလေးမြို့တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ မန္တလေးတောင်ပေါ်၌ လက်နက်ကြီးပါ တပ်ဆင်ထားကြောင်း၊ ထို့အပြင် မြို့တွင်းအထပ်မြင့်အဆောက်အအုံများ၌ပါ ကင်းချကာ လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။

ယနေ့နံနက်ပစ်ခတ်မှုတွင် မန္တလေးမြို့၊ ညောင်ကွဲရပ်၊ ၈၉လမ်း၊ ၈လမ်းနှင့် ၉လမ်းကြားရှိ တိုက်တစ်လုံးလည်း ရှော့တိုက်ဒုံးထိမှန်၍ ပျက်စီးပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook