Connect with us

Hi, what are you looking for?

သတင်း

လပခတိုက်ခိုက်မှု စစ်ကောင်စီအရာရှိသုံးဦးအပါအဝင် ၇ ဦးသေဆုံးဟု BWM ပြော

သေဆုံးသူများတွင် ဒုချုပ်စိုးဝင်း၏ ကိုယ်ရေးအရာရှိ ဗိုလ်မှုးကြီးပါဝင်ဟုဆို

ရှော့တိုက်ဒုန်းများ ကျရောက်ပေါက်ကွဲခဲ့သော လပခအတွင်းနေရာများအား ပြသထားစဥ်။ ဓာတ်ပုံ-BWM

သတိုး၊ဇေအောင်/People’s Spring

ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည့် မန္တလေးမြို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) ဖြစ်စဉ်တွင် စစ်ကောင်စီတပ် အရာရှိသုံးဦးအပါအဝင် ၇ဦးသေဆုံးကြောင်း ယင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် Brave Warriors For Myanmar -BWM မှ တာဝန်ရှိသူက ပြောသည်။

“ဒုချုပ်စိုးဝင်း၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး တစ်ဦး အပါအဝင်အရာရှိ ၃ ဦးနဲ့ တပ်သား ၄ဦး ပေါင်း ၇ဦး သေဆုံးခဲ့သည်။ ” ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

BWMအဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စက်တင်ဘာ ၃ ရက် နံနက်က ၁၀၇ မမ ရှော့တိုက်ဒုန်း ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ၇ လုံးအောင်မြင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ရေးပစ်မှတ်နေရာများကိုလည်း BMWက အသိပေးထားသည်။

အဆိုပါရှော့တိုက်ဒုန်း ၇လုံးသည် လပခအတွင်းရှိ စစ်ရေးပစ်မှတ် ၅နေရာကို ထိမှန်ခဲ့ပြီး စစ်ဆေးရုံ နှင့် စစ်မြေပြင် ဆေးတပ်ရင်းကိုထိခိုက်မှုတွင် ဒဏ်ရာရရှိသူ ၂၀ခန့်ရှိသည်ဟု BWM ကဆိုသည်။

ထို့ပြင် စည်းရုံးရေးသင်တန်းကျောင်းကိုလည်း ထိသောကြောင့် ပျက်စီးခဲ့ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းရုံးကိုလည်း ရှော့တိုက်ဒုန်း နှစ်လုံးထိမှန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရှော့တိုက်ဒုံး ၂လုံးမှာ ဒုချုပ်စိုးဝင်းအိပ်နေရာနေရာ နှင့် မီတာ ၄၀အကွာမှာ ပေါက်ကွဲခဲ့၍ ဒုချုပ်စိုးဝင်းမှာ လပခမှ နေပြည်တော်သို့ မနက် ၄ခွဲကျော်မှာ လေယာဉ်နဲ့ အမြန်ဆုံးထွက်ပြေးသွားခဲ့ရသည်ဟု ကြားသိရတယ်”ဟု BWM မှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါပျက်စီးမှုများအပြင် တရုတ်နှင့်ပူးပေါင်းလုပ်ဆောင်နေသည့် အကြီးစား Drone Center တစ်ခုပျက်စီးသွားသည်ဟု သိရပြီး ယင်းပျက်စီးမှုကြောင့် တော်လှန်ရေးအင်အားစုများအပေါ် ဒရုန်းဖြင့်ထောက်လှမ်းတိုက်ခိုက်မှုများ လျော့ကျလာပါက ရှမ်းမန်း စစ်ဆင်ရေးအတွက် အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ၎င်းက ပြောသည်။

ဓာတ်ပုံ-BWM

နန်းမြို့ရိုးအပြင်ဘက်သို့ ရှော့တိုက်ဒုန်း နှစ်လုံးကျရောက်ခဲ့ပြီး ယင်းရှော့တိုက်ဒုန်းများသည် ထပရ – ၁၂၁(ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း)ကို ထိမှန်ခဲ့သည်ဟု BWMက ဆိုသည်။

“လပခသည် ကျွန်ုပ်တို့ BWM ၏ လက်လမ်းမှီ သည့် နေရာတွင် ရှိနေပြီ ဖြစ်၍ ရှေ့ဆက်လည်း လပခ အခြေ ပျက်အောင် ပိုမို ပြင်းထန်သည့် မစ်ရှင် များကို အရှိန်မြင့် ဖော်ဆောင်သွားပါမည်” ဟု BWM က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်ပြီးနောက် လပခ အဝင်၊ အထွက် အားလုံးကို ပိတ်ထားပြီး နေပြည်တော်မှ စစ်ကောင်စီကားနှစ်စီးရောက်ရှ်ိလာကာ နန်းတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖုန်းအားလုံးကိုစစ်ဆေးခြင်း ၊ မသင်္ကာသူများကို စစ်ကြောမေးမြန်းခြင်းများ လုပ်ဆောင်နေကြသည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

“နန်းတွင်း ဝင်ပေါက်အားလုံးပိတ်ပြီး

နေပြည်တော်က စခတွေ လာရောက် စစ်ဆေး တယ်လို့ သိရပါတယ်”ဟု ၎င်းက ပြောသည်။

လပခတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

BWMနှင့် မဟာမိတ်အဖွဲ့များသည် ၁၀၂၇အပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးကို ပူးပေါင်းပါဝင်ကူညီသည့် အနေဖြင့်၂၀၂၄ ခုနှစ်အတွင်း အေလာလေတပ်စခန်း ၂ ကြိမ်၊ တောင်ငူ လေတပ်စခန်း ၃ကြိမ်၊ တံတားဦး လေတပ်စခန်း တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဆက်လက်၍ အာဏာသိမ်းစစ်တပ်ကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဟု Brave Warriors for Myanmar (BWM) အဖွဲ့က အသိပေးထားသည်။

BWM သည် လပခကို ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့သည်။

BWM အနေဖြင့် ယခုနှစ်အတွင်း မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်း၍ တောင်ငူလေတပ်စခန်း ၊ အေလာလေတပ်စခန်း နှင့် တံတားဦးလေတပ်စခန်းတို့ကို ရှော့တိုက်ဒုန်းများဖြင့် ခြောက်ကြိမ်တိုက်ခိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။